Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၅ သန်းကျော် လူမူကယ်ဆယ်ရေး အကူအညီများ အပူတပြင်းလိုအပ်နေဟု OCHA ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိတွေ့တိုက်ပွဲများနှင့် မလုံခြုံမှုကြောင့် လူဦးရေ ၁ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ယခင်ရှိနေပြီးသော ၃၃၀,၀၀၀ ကျော်နှင့် ထည့်သွင်းရေတွက်လျှင် ၂၀၂၂ နှစ်ကုန်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၅ သန်းကျော်လာခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က ညပိုင်းတွင်ပင် စစ်​ကြောင်းထိုး၍ ရွာများကို မီးရှို့ အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်ကိုင်းတိုင်းမှပြည်သူများကို ဇန်နဝါရီလဆန်းက​တွေ့ရမှု။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ညပိုင်းတွင်ပင် စစ်​ကြောင်းထိုး၍ ရွာများကို မီးရှို့ အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်ကိုင်းတိုင်းမှပြည်သူများကို ဇန်နဝါရီလဆန်းက​တွေ့ရမှု။ ဓါတ်ပုံ-CJ)

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေသူ လူဦးရေ ၁ ဒသမ ၅ သန်းကျော်သည် ခက်ခဲသည့် အခြေအနေများတွင် နေထိုင်နေကြရသည့်အတွက် လူမူကယ်ဆယ်ရေး အကူအညီများ အပူတပြင်းလိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က ယနေ့ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိတွေ့တိုက်ပွဲများနှင့် မလုံခြုံမှုကြောင့် လူဦးရေ ၁ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ယခင်ရှိနေပြီးသော ၃၃၀,၀၀၀ ကျော်နှင့် ထည့်သွင်းရေတွက်လျှင် ၂၀၂၂ နှစ်ကုန်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၅ သန်းကျော်လာခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က ညပိုင်းတွင်ပင် စစ်​ကြောင်းထိုး၍ ရွာများကို မီးရှို့ အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်ကိုင်းတိုင်းမှပြည်သူများကို ဇန်နဝါရီလဆန်းက​တွေ့ရမှု။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ညပိုင်းတွင်ပင် စစ်​ကြောင်းထိုး၍ ရွာများကို မီးရှို့ အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်ကိုင်းတိုင်းမှပြည်သူများကို ဇန်နဝါရီလဆန်းက​တွေ့ရမှု။ ဓါတ်ပုံ-CJ)

“အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လုံခြုံရေးတင်းကျပ်မှုတွေ၊ ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်သားတွေအပေါ်ခြိမ်းခြောက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသလို ရွှေ့ပြောင်းနေထိုင်မှုတွေ ထပ်မံဖြစ်ပေါ်စေပြီး လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကိုလည်း အဟန့်အတားဖြစ်စေပါတယ်” ဟု OCHA က ဆိုသည်။

Public Service Announcement
Public Service Announcement

ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အကြား အလွတ်သဘောအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်တည်တံ့နေသော်လည်း အခြေအနေမှာ ထိလွယ်ရှလွယ်ဖြစ်နေဆဲဟု OCHA က ဖော်ပြသည်။ မကြာသေးမီက တကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိကာ ယခင်နှင့်လက်ရှိ ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြရသူပေါင်း ၈၉,၀၀၀ ကျော်အထိ ရှိလာပြီဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှုအပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူမှာ စစ်ကိုင်းတိုင်းအတွင်း အများဆုံးဖြစ်ပြီး ၆၅၀,၀၀၀ ခန့်ရှိကြောင်း ကုလသဂ္ဂက မှတ်တမ်းတင်ထားသည်။ မကွေးတိုင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့တွင် ဒုတိယအများဆုံး အိုးအိမ်စွန့်ခွာခဲ့ကြပြီး လူဦးရေ ၃ သိန်းခန့်စီ ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ထပ်တိုးလူဦးရေ ၂ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကောင်စီသည် ၂၀၂၄ ဧပြီ ၁ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲပြီး နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားသည်။

သတင်း

ဇွန်လအတွင်းက မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၁.၈သန်းကျော်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR အစီရင်ခံစာထုတ်ပြန်ထားသည်။

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။