Connect with us

Hi, what are you looking for?

သတင်း

ရုပ်အ​လောင်းပြန်မရသည့်ပုသိမ်​ထောင်တွင်းသတ်ဖြတ်ခံရ​သောကို​ဝေယံဖြိုး အတွက်ရက်လည်ဆွမ်းသွပ်မည်

ချောင်းသာဒေသခံကိုဝေယံဖြိုးသည် ဇန်နဝါရီလ ၆ ရက်က ပုသိမ်အကျဥ်းထောင်အတွင်းဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဥ်းသားများအား ထောင်ဝန်ထမ်းများက အကြမ်းဖက်​သောဖြစ်စဥ်တွင် ကျဆုံးခဲ့​​​ခြင်းဖြစ်သည်။

ရုပ်အ​လောင်းပြန်မရသည့်ပုသိမ်​ထောင်တွင်းသတ်ဖြတ်ခံရ​သောကို​ဝေယံဖြိုး အတွက်ရက်လည်ဆွမ်းသွပ်မည်
ရုပ်အ​လောင်းပြန်မရသည့်ပုသိမ်​ထောင်တွင်းသတ်ဖြတ်ခံရ​သောကို​ဝေယံဖြိုး အတွက်ရက်လည်ဆွမ်းသွပ်မည်

ပုသိမ်အကျဥ်းထောင်အတွင်း စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့သော ကိုဝေယံဖြိုး၏ရုပ်အ​လောင်းကိုမိသားစုကပြန်မရခဲ့ဘဲကျန်ရစ်သူမိသားစုက ရက်လည်ဆွမ်းသွပ်ကို ဇန်နဝါရီလ ၁၂ရက်တွင် ပြုလုပ်ရမည်ဖြစ်သည်။

ချောင်းသာဒေသခံကိုဝေယံဖြိုးသည် ဇန်နဝါရီလ ၆ ရက်က ပုသိမ်အကျဥ်းထောင်အတွင်းဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဥ်းသားများအား ထောင်ဝန်ထမ်းများက အကြမ်းဖက်​သောဖြစ်စဥ်တွင် ကျဆုံးခဲ့​​​ခြင်းဖြစ်သည်။

ကိုဝေယံဖြိုး၏ ရုပ်အလောင်းကိုပေးရန် မိသားစုက တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီကပြန်မပေးဘဲ မီးရှို့သဂြိုလ်လိုက်ပြီး အလောင်းဖျောက်ပစ်ကြောင်း ဧရာဝတီတိုင်းမှတော်လှန်ရေးအင်အားစုများကပြောသည်။ ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းသွပ်ကို ဇန်နဝါရီ ၁၂ရက်တွင် ၎င်း၏မိဘ​နေအိမ်တွင် ပြုလုပ်မည်ဟု ကျန်ရစ်သူမိသားစုက ဖိတ်ကြားထားကြောင်း ချောင်းသာဒေသခံအချိုု့ကပြောသည်။People’s Spring ကကိုဝေယံဖြိုး၏ မိသားစုထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့​သော်လည်း ဆက်သွယ်မရပါ ။

ကို​ဝေယံဖြိုးသည် အသက် ၃၄ နှစ် ရှိပြီဖြစ်ပြီးသားတစ်ဦးနှင့်ဇနီးသည်ကျန်ရစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကိုဝေယံဖြိုးသည် စစ်အာဏာရှင်အားတော်လှန်ရင်း ပုသိမ်ထောင်၌ အကျဥ်းကျနေစဥ်သေဒဏ်ကျ ကျောင်းဆရာဦးကောင်းခန့်ကျော်အတွက် စစ်ကောင်စီက ပုသိမ်ထောင်အတွင် ကြိုးစင်ဆောက်နေသည်ကို ရပ်တန့်ရန် နိုင်ငံရေးအကျဥ်းသားများနှင့်အတူတောင်းဆိုရာမှစစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ကိုဝေယံဖြိုးနှင့်အတူ စစ်ကောင်စီကို ကန့်ကွက်တားဆီးခဲ့စဥ် ရိုက်နှက်နှိပ်စက်ခံရသည့်နိုင်ငံရေးအကျဥ်းသားကိုဝင်းမင်းထက်မှာလည်းယနေ့(ဇန်နဝါရီ ၁၂ရက်)အထိပျောက်ဆုံးနေဆဲဖြစ်သည်။

ကိုဝင်းမင်းထက်မှာလည်း စစ်​ကောင်စီ၏အကြမ်းဖက်ဖြိုခွင်း၊ နှိပ်စက်ညှင်းပန်းမှု​ကြောင့် ဇန်နဝါရီ ၆ ရက်မှာပင်ကျဆုံးခဲ့ပြီဖြစ်​ကြောင်းလည်းသတင်းထွက်​ပေါ်​နေသည်။

ပုသိမ်ထောင်အတွင်း နိုင်ငံ​ရေးအကျဥ်းသားများကိုစစ်ကောင်စီလက်​အောက်ခံလက်နက်ကိုင်အဖွဲ့များကအကြမ်းဖက် ဖြိုခွဲမှုဖြစ်စဥ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ၄ ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

စစ်​ကောင်စီက ​ထောင်အတွင်းအကျဥ်းသားချင်းခိုက်ရန်ဖြစ်ပွားရာမှ ​သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။

ပုသိမ်ထောင်တွင်း အကျဥ်းသားများ သေဆုံးဒဏ်ရာရမှုဖြစ်စဥ်သည် စစ်ကောင်စီကမတရားညှဉ်းပန်းနှိပ်စက်မှုနှင့်ဥပဒေမဲ့သတ်ဖြတ်သော ရာဇဝတ်မှုကို ကျူးလွန်သည့် လုပ်ရပ်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကပြစ်တင်ရှုတ်ချထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပုသိမ်ထောင်တွင်းအကြမ်းဖက်မှုကို အမှုမှန်ပေါ်အောင်ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံအချက်အလက်များပေးပို့ခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။