Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တာမွေတွင် မဲစာရင်းပြုစုဖို့စာရင်းလိုက်ကောက်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးနှင့်ထုခံရ

ယနေ့ နေ့လယ် ၂ နာရီ ၄၅မိနစ်ခန့်က တာမွေမြို့နယ် က+ခ ရပ်ကွက်၊ ၁၆၂ လမ်းအတွင်း လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီလက်အောက်ခံ လူအုပ်စုအား လက်ပစ်ဗုံးတစ်လုံးပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့များ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူနေစဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့များ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူနေစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၁၁)နေ့လယ်ပိုင်းက မဲစာရင်းပြုစုရန် လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီဝန်ထမ်းများအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA)က ပြောသည်။

ယနေ့ နေ့လယ် ၂ နာရီ ၄၅မိနစ်ခန့်က တာမွေမြို့နယ် က+ခ ရပ်ကွက်၊ ၁၆၂ လမ်းအတွင်း လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီလက်အောက်ခံ လူအုပ်စုအား လက်ပစ်ဗုံးတစ်လုံးပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အထိခိုက်က ပြင်းထန်မှာမဟုတ်ဘူး။ ဒီနေ့တွေ့ရတာ ဆရာမတွေလည်း ပါနေတယ်။ အဲတာကြောင့် လျော့ပေါ့ပေးခဲ့တာပါ။ ဘတ်မတူပေမဲ့ ကိုယ်တွေကိုပညာသင်ပေးခဲ့လို့ ‌ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်လျော့ပေါ့ ပေးလိုက်တာပါ။ နောက်တစ်ခါဆိုမရတော့ဘူး”ဟု FLA. မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများ ထိခိုက်မှုရှိ၊မရှိစောင့်မကြည့်တော့ဘဲ Freeland Attack Force (FLA)နှင့်မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA)၊ Revolution of 21 Century အဖွဲ့မှ အဖွဲ့သားအားလုံးပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာအမြန်ဆုံးဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“မဲစာရင်းအတွက် လူဦးရေစာရင်းလိုက်ကောက်တဲ့အုပ်စု ဗုံးနဲ့ထုခံရတယ်ဆိုတာပဲ ကြားမိတယ်။ ဘယ်နှစ်ယောက်ထိခိုက်သွားတယ်ဆိုတာတော့ သေချာမသိရသေးဘူး”ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

တရားမဝင် မဲစာရင်းတွင် ဦးဆောင်လှုပ်ရှားနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ဖို့ သတိပေးထားပြီး ပြည်သူများအနေဖြင့်လည်း တရားမ၀င်ရွေးကောက်ပွဲအား တက်နိင်သမျှမပါ၀င်ကြဖို့ မေတ္တာရပ်ခံအပ်ပြီး စစ်ကောင်းစီတပ်များ နှင့်ဝေးရာမှာနေကြဖို့ ထပ်မံမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။