Connect with us

Hi, what are you looking for?

သတင်း

တာမွေတွင် မဲစာရင်းပြုစုဖို့စာရင်းလိုက်ကောက်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးနှင့်ထုခံရ

ယနေ့ နေ့လယ် ၂ နာရီ ၄၅မိနစ်ခန့်က တာမွေမြို့နယ် က+ခ ရပ်ကွက်၊ ၁၆၂ လမ်းအတွင်း လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီလက်အောက်ခံ လူအုပ်စုအား လက်ပစ်ဗုံးတစ်လုံးပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့များ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူနေစဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့များ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူနေစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၁၁)နေ့လယ်ပိုင်းက မဲစာရင်းပြုစုရန် လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီဝန်ထမ်းများအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA)က ပြောသည်။

ယနေ့ နေ့လယ် ၂ နာရီ ၄၅မိနစ်ခန့်က တာမွေမြို့နယ် က+ခ ရပ်ကွက်၊ ၁၆၂ လမ်းအတွင်း လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီလက်အောက်ခံ လူအုပ်စုအား လက်ပစ်ဗုံးတစ်လုံးပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အထိခိုက်က ပြင်းထန်မှာမဟုတ်ဘူး။ ဒီနေ့တွေ့ရတာ ဆရာမတွေလည်း ပါနေတယ်။ အဲတာကြောင့် လျော့ပေါ့ပေးခဲ့တာပါ။ ဘတ်မတူပေမဲ့ ကိုယ်တွေကိုပညာသင်ပေးခဲ့လို့ ‌ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်လျော့ပေါ့ ပေးလိုက်တာပါ။ နောက်တစ်ခါဆိုမရတော့ဘူး”ဟု FLA. မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများ ထိခိုက်မှုရှိ၊မရှိစောင့်မကြည့်တော့ဘဲ Freeland Attack Force (FLA)နှင့်မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA)၊ Revolution of 21 Century အဖွဲ့မှ အဖွဲ့သားအားလုံးပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာအမြန်ဆုံးဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“မဲစာရင်းအတွက် လူဦးရေစာရင်းလိုက်ကောက်တဲ့အုပ်စု ဗုံးနဲ့ထုခံရတယ်ဆိုတာပဲ ကြားမိတယ်။ ဘယ်နှစ်ယောက်ထိခိုက်သွားတယ်ဆိုတာတော့ သေချာမသိရသေးဘူး”ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

တရားမဝင် မဲစာရင်းတွင် ဦးဆောင်လှုပ်ရှားနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ဖို့ သတိပေးထားပြီး ပြည်သူများအနေဖြင့်လည်း တရားမ၀င်ရွေးကောက်ပွဲအား တက်နိင်သမျှမပါ၀င်ကြဖို့ မေတ္တာရပ်ခံအပ်ပြီး စစ်ကောင်းစီတပ်များ နှင့်ဝေးရာမှာနေကြဖို့ ထပ်မံမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်တက္ကသိုလ်ထဲက အနီရောင်စိန်ပန်းပင်တွေကို ဖယ်ရှားဖို့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ကြောင့် စည်ပင်ဌာနနဲ့တက္ကသိုလ်ဝန်ထမ်းတွေပေါင်းပြီး အပင်ရင်းကနေခုတ်လှဲ​နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...