Connect with us

Hi, what are you looking for?

သတင်း

လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းဖမ်းဆီးချိန် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်းသိမ်းဆည်းရမိ

ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်

(အာဏာသိမ်းစသ်​ခေါင်း​ဆောင် မိသားစု။ ဓါတ်ပုံ-JFM)
(အာဏာသိမ်းစသ်​ခေါင်း​ဆောင် မိသားစု။ ဓါတ်ပုံ-JFM)

မြန်မာခရိုနီ စစ်လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးချိန်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနှင့် လက်နက်ပွဲစားထွန်းမင်းလတ်ကို စီးနင်းဖမ်းဆီးချိန်တွင်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုတစ်ခန်း၏ ပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို တစ်ပါတည်းတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ယခုထွက်ပေါ်လာတဲ့ အထောက်အထားတွေဟာ လက်ရှိ ထွန်းမင်းလတ်အပေါ် ရာဇ၀တ်ကြောင်းအရ စွဲဆိုထားတဲ့ကိစ္စနဲ့ မင်းအောင်လှိုင်ရဲ့မိသားစုအကြား ဆက်နွှယ်နေတာတွေအတွက် အရေးပါပြီး၊ သိမ်းဆည်းရမိတဲ့ပိုင်ဆိုင်မှုတွေအတွက် ငွေတွေဘယ်ကရလဲဆိုတာအပေါ် မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကိုကြည့်ရင် မြန်မာစစ်တပ်က အကြီးတန်းမိသားစုဝင်တွေဟာ ထိုင်းဘဏ်တွေကို အသုံးပြုခွင့်ရနေတာ ဖော်ပြနေပြီး အကျယ်ချဲ့ ဆိုရရင် တနည်းအားဖြင့် ထိုင်းနိုင်ငံဟာ မြန်မာ စစ်တပ်ရဲ့ အမြစ်တွယ်နေတဲ့အကျင့်ပျက်ခြစားမှုတွေ ကရတဲ့ တရားမဝင် အမြတ်ငွေတွေ မြန်မာစစ်တပ်က အကြီးတန်းမိသားစုဝင်တွေ သိုဝှက်ထားဖို့နေရာတစ်ခုအဖြစ် ရှိနေတဲ့အချက်ဟာ ထင်ရှားပေါ်လွင်တဲ့ အထောက်အထားဖြစ်ပါတယ်”ဟုJFM က ဖော်ပြသည်။

ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်

Public Service Announcement

Public Service Announcement

စာတမ်းများပါဝင်သည်။ ယင်းကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က အောင်ပြည့်စုံ၏ ဖခင်ဖြစ်သူက ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်သည့် ရာဇဝတ်မှုများ ကျူးလွန်နေချိန်ဖြစ်သည်။ အဆိုပါ ကွန်ဒိုအခန်း၏ ကာလပေါက်စျေးမှာ ဘတ် ၃၃ သန်းခန့်(အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး) ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းရဲတပ်ဖွဲ့သည် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်ပိုင်ဆိုင်သည့် Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကိုလည်းထွန်းမင်းလတ်လက်ဝယ်သိမ်းဆည်းရမိခဲ့သည်။

လက်ဝယ်တွေ့ရှိသည့်ပစ္စည်းများကိုသိမ်းဆည်းခဲ့သော်လည်း ပိုင်ဆိုင်မှုများကိုသိမ်းယူထားခြင်းမရှိသေးကြောင်း၊ ထွန်းမင်းလတ်ကိုစွဲဆိုထားသည့် ရာဇဝတ်မှုများနှင့် မင်းအောင်လှိုင်၏ သားသမီးများအကြား ဆက်နွယ်နေသည့် သက်သေအထောက်အထားများ ရှိနေသာ်လည်း ထိုင်းရဲတပ်ဖွဲ့က မင်းအောင်လှိုင်၏ သားသမီးများကို စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်ထားခြင်း မရှိသေးကြောင်း Justice For Myanmar က သိရှိနားလည်ထားသည်ဟု​ဖော်ပြထားသည်။

ထွန်းမင်းလတ်ကို Belle Grand Rama 9 ကွန်ဒို၌ ၂၀၂၂ စက်တင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ပြီး အမြင့်ဆုံး ပြစ်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ အပြစ်ပေးနိုင်သည့် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဖြင့် ဒီဇင်ဘာ ၁၃ ရက်တွင် စွဲချက်တင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။