Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းနှင့် အထက်ချင်းတွင်းဒေသ၌ ရွေးကောက်ပွဲမလုပ်ဖို့ CNO/CNDF တားမြစ်

ဇန်နဝါရီ ၆ရက်မှ ၉ရက်အထိ ကျင်းပခဲ့သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Chin National Defense Force)
(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Chin National Defense Force)

မလိုက်နာပါက မည်သူမဆိုပြင်းထန်စွာအရေးယူမယ်လို့ သတိပေး

စစ်ကောင်စီကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသတွင်း မပြုလုပ်ရန် တားမြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)က ယနေ့ သတိပေးထုတ်ပြန်လိုက်သည်။

ဇန်နဝါရီ ၆ရက်မှ ၉ရက်အထိ ကျင်းပခဲ့သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

လက်နက်မဲ့ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်၊ ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်စီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် စစ်ကြောင်း အဆမတန်ဖြင့် တိုက်ခိုက်နေသည့်အပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား လုံး၀တားမြစ်လိုက်ပြီး တားမြစ်သည့်ကြားမှ ရွေးကောက်ပွဲ အထမြောက်အောင်ကူညီမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု CNO/CNDFက အသိပေးခဲ့သည်။

(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Chin National Defense Force)
(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ – Chin National Defense Force)

CNO/CNDFအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆုံးခန်းတိုင်အောင် ဆက်လက်တိုက်ပွဲဝင် သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။