Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေးတက်​အောင်ဈေးကစားသူများကို အရေးယူမည်ဟု ဆိုကာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းခြိမ်းခြောက်

(​ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း​ကြေညာချက်နှင့်အပါတ်စဥ်​​ဂေါက်သီးရိုက်​နေ​သော​ရွှေအသင်းမှ ပုဂ္ဂိုလ်များ။ ဓါတ်ပုံ-YRGA)
(​ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း​ကြေညာချက်နှင့်အပါတ်စဥ်​​ဂေါက်သီးရိုက်​နေ​သော​ရွှေအသင်းမှ ပုဂ္ဂိုလ်များ။ ဓါတ်ပုံ-YRGA)

ပြည်တွင်း၌ ရွှေဈေးမြင့်တက်လာခြင်းကို ဈေးကစားနေခြင်းကြောင့်ဟုဆိုကာ ​ဈေးကစား​သောရွှေလုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယနေ့ခြိမ်းခြောက်စာထုတ်ပြန်လိုက်သည်။

ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၈သိန်းကျော်ရှိနေချိန်တွင်စစ်ကောင်စီလက်​အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းက ကျပ် ၂၇ သိန်းအောက်တွင်သာ ဈေးနှုန်းအမှန်ဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။

(​ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း​ကြေညာချက်နှင့်အပါတ်စဥ်​​ဂေါက်သီးရိုက်​နေ​သော​ရွှေအသင်းမှ ပုဂ္ဂိုလ်များ။ ဓါတ်ပုံ-YRGA)
(​ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း​ကြေညာချက်နှင့်အပါတ်စဥ်​​ဂေါက်သီးရိုက်​နေ​သော​ရွှေအသင်းမှ ပုဂ္ဂိုလ်များ။ ဓါတ်ပုံ-YRGA)

သို့သော် ၎င်းတို့အသင်းက ထုတ်ပြန်သည့်ရွှေဈေးနှုန်းတွင် ဇန်နဝါရီ ၁၁ ရက်ကအခေါက်ရွှေတစ်ကျပ်သားကို ၂၂ သိန်းရှိသည်ဟုလည်း ထုတ်ပြန်ထားပြန်သည်။

စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ပြင်ပဈေးကွက်တွင် ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင်ဆွဲချဆောင်ရွက်နေသည်ဟုလည်း စွပ်စွဲထားသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းသာမြင့်တက်နေဟုလည်း ဝန်ခံထားပြန်သည်။

Public Service Announcement

Public Service Announcement

ဈေးကစားသူများကိုဌာနဆိုင်ရာများကစုံစမ်းစစ်ဆေးနေပြီး အရေးယူမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ခြိမ်းခြောက်ထားသည်။

“အခုက ရွှေဈေးကကမ္ဘာ့ဈေးအရမြင့်တက်လာတော့နည်းနည်းမြင့်လာတယ်။ နောက်ပြီးနိုင်ငံရေးအခြေအနေနဲ့ဈေးကွက်အခြေအနေအရ ဝယ်ချင်တဲ့သူတွေရှိနေတော့ဈေးကို မြင့်တင်ချင်နေကြတာ”ဟုရွှေလုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးသည်။

(​ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း​ကြေညာချက်နှင့်အပါတ်စဥ်​​ဂေါက်သီးရိုက်​နေ​သော​ရွှေအသင်းမှ ပုဂ္ဂိုလ်များ။ ဓါတ်ပုံ-YRGA)
(​ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း​ကြေညာချက်နှင့်အပါတ်စဥ်​​ဂေါက်သီးရိုက်​နေ​သော​ရွှေအသင်းမှ ပုဂ္ဂိုလ်များ။ ဓါတ်ပုံ-YRGA)

စစ်ကောင်စီကရွှေဈေးကိုထိန်းချုပ်ရန် အသင်းကို ခိုင်းစေထားပြီး စစ်ကောင်စီအလိုကျ အဆိုပါအသင်းကလည်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

ရန်ကုန်ဈေးကွက်တွင်ဇန်နာဝါရီ ၁၁ ရက်တွင်အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၈၃၀,၀၀၀ ပေါက်ဈေးရှိခဲ့သည်။

ယမန်နှစ်အောက်တိုဘာလ စစ်ကောင်စီက အခေါက်ရွှေတစ်ကျပ်သားကို ၂,၅၃၀,၀၀၀ကျပ်ဖြင့်သာရောင်းချရမည်ဟု သတ်မှတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းထားခြင်းကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလကအခေါက်ရွှေတစ်ကျပ်သားကို ၃၅ သိန်းအထိစံချိန်မြင့်တက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။