သတင်း PDF ဆီဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီဆက်တိုက်ဖမ်းဆီး ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း မင်းအောင်လှိုင်နဲ့နီးစပ်တဲ့ မြန်မာခရိုနီပိုင်ဆိုင်တဲ့မူးယစ်ဆက်စပ်ငွေဘတ် ၁.၈ ဘီလီယံလောက် (ဒေါ်လာ၄၇ သန်းကျော်) ကို ထိုင်းသိမ်းဆည်း ထိုင်းတရားရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အမှုနဲ့ နောက်ထပ် အမှုတစ်ခုကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံ စုံစမ်းနေခဲ့ကြောင်း ပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော သံအမတ်ကြီးသည် လုံခြုံရေးကောင်စီကို အဆိုပါသက်သေအထောက်အထားများကို အသုံးပြုကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း ကလေးမြို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲလက်နက်ကြီးဖြင့်ရမ်းပစ်၍စပါးကျီတစ်ခုပျက်စီး ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ယနေ့ နေ့လယ် ၁၁နာရီ ၂၀မိနစ် ခန့်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း မြိုင်နယ်တွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသည့် ပြည်သူတစ်ဦးကို သတ်ပြီး အလောင်းအိမ်သာကျင်းထဲချသွား သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း စစ်ကောင်စီတပ်မီးရှို့၍ အောက်တိုဘာအတွင်း ပြည်သူလူထုနေအိမ် ၁,၅၀၀ကျော် မီးလောင်ပျက်စီးခဲ့ဟု NUG ပြည်ထဲရေး ထုတ်ပြန် အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများအား ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း ဖလမ်းရဲစခန်းမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာ လုပ်သက်(၄)နှစ်ခွဲရှိပြီးဖြစ်သော အသက်(၂၅)နှစ်အရွယ် အလင်းဝင်လာသည့် ရဲတပ်သားမန်ဆွမ်သည် နိုဝင်ဘာ ၁ရက်က CDF CDM Siyin ထံ ရောက်ရှိလာခြင်းဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း မိုးမောက် ဆုတောင်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA လက်နက်ကြီးဖြင့် တိုက်ခိုက်တပ်စွဲမိုးမောက် ဆုတောင်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA လက်နက်ကြီးဖြင့် တိုက်ခိုက် မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း ကလေးမြို့တွင် PDFများကို ကြောက်လန့်၍ စစ်ကောင်စီတပ်အရာရှိတစ်ဦးလျှင် အင်အား၈၀ခန့် အသုံးပြုသွားလာနေရ စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်းကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။ LuduNwayOoနိုဝင်ဘာ 3, 2022
သတင်း ရေစကြိုတွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ(၆)ရွာမှ နေအိမ် ၂၅၀ ကျော် ဆုံးရှုံး "အိမ်မီးလောင်တာ နောက်ဆုံးပြန်ရှာလို့ရတယ်လို့ဖြေလို့ရသေးတယ်။ လူကြီးတွေ စိတ်ထဲကဝေဒနာတွေ ဘယ်လိုကုသရမယ်မသိတော့ဘူး။ ယုတ်မာမှုရက်စက်မှုကတုနှိုင်းစရာကိုမရှိဘူး။ အိမ်ပါလို့ဝမ်းမနည်းဘူး။ အမေမျက်ရည်ကျလို့ဝမ်းနည်းရတယ်။"ဟု ရေစကြိုနယ်မှ နေအိမ်မီးရှို့ခံခဲ့ရသူ ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 3, 2022