Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းရဲစခန်းမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာ

လုပ်သက်(၄)နှစ်ခွဲရှိပြီးဖြစ်သော အသက်(၂၅)နှစ်အရွယ် အလင်းဝင်လာသည့် ရဲတပ်သားမန်ဆွမ်သည် နိုဝင်ဘာ ၁ရက်က CDF CDM Siyin ထံ ရောက်ရှိလာခြင်းဟု ဆိုသည်။

အလင်းဝင်လာသည့် ရဲတပ်သား မန်ဆွမ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CDM Siyin
အလင်းဝင်လာသည့် ရဲတပ်သား မန်ဆွမ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CDM Siyin

ချင်းပြည်နယ်၊ ဖလမ်းမြို့မရဲစခန်းမှ ရဲတပ်သားတစ် ဦး အလင်းဝင်လာကြောင်း CDF CDM Siyin တပ်ဖွဲ့ က ယနေ့(နိုဝင်ဘာ ၃ ရက်) အသိပေးသည်။

လုပ်သက်(၄)နှစ်ခွဲရှိပြီးဖြစ်သော အသက်(၂၅)နှစ်အရွယ် အလင်းဝင်လာသည့် ရဲတပ်သားမန်ဆွမ်သည် နိုဝင်ဘာ ၁ရက်က CDF CDM Siyin ထံ ရောက်ရှိလာခြင်းဟု ဆိုသည်။

၎င်းသည် အစောပိုင်းကတည်း​က CDM ဝင်ရောက်ရန်စီစဥ်ထားသော်လည်း မိသားစုကို စစ်ကောင်စီတပ်က အကြပ်ကိုင်ထားသောကြောင့်ယခုမှ အလင်းဝင်နိုင်ခဲ့ခြင်းဟု ထွက်ဆိုထား သည်။

“CDM စစ်ကောင်စီတပ်သားတွေကို ကြိုဆိုနေတယ်။တစ်ဖက်မှာလည်း ပြီးခဲ့တဲ့လပိုင်းက ဖြစ်သွားတဲ့ CDM အရာရှိတစ်ဦး စကစနဲ့ ပြန်ပူး ပေါင်းသွားတာမျိုးရှိလို့ ကျွန်တော်တို့အနေနဲ့ အလုံးစုံစစ်ဆေးနေပါတယ်”ဟု Chinland Joint Defense Committee တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့်ပြန်လည်ပူးပေါင်းခဲ့သည့် ဗိုလ်မှူး မျိုးမင်းထွန်းဖြစ်စဥ်အပေါ် သင်ခန်းစာယူ၍ တော်လှန်ရေးခံယူချက်၊ယုံကြည်ချက်မရှိသူများ CDM တွင် မပါဝင်လာနိုင်ရေး စနစ်တကျဆောင် ရွက်သွားမည်ဟုလည်း CDM တပ်မတော်သားများက အောက်တိုဘာ ၇ရက်တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီး နောက်ပိုင်း ရဲ နှင့် စစ်သား အရေအတွက် ၈,၀၀၀ ဦးထက်မနည်းပြည်သူနှင့်အတူ ရပ်တည်၍ CDM ပြုလုပ်ထားကြောင်း ပြည်သူ့ရင်ခွင် အဖွဲ့က တရားဝင်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ