Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်နဲ့နီးစပ်တဲ့ မြန်မာခရိုနီပိုင်ဆိုင်တဲ့မူးယစ်ဆက်စပ်​​ငွေဘတ် ၁.၈ ဘီလီယံလောက် (​ဒေါ်လာ၄၇ သန်း​ကျော်) ကို ထိုင်းသိမ်းဆည်း

ထိုင်းတရားရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အမှုနဲ့ နောက်ထပ် အမှုတစ်ခုကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံ စုံစမ်းနေခဲ့ကြောင်း ပြောပါတယ်။

(ထိုင်းနိုင်ငံဘန်​ကောက်မှာ ၂၀၁၉ ခုနှစ်ကပြုလုပ်တဲ့လက်နက်ပြပွဲမှာမင်း​အောင်လှိုင်နဲ့အတူ​တွေ့ရတဲ့ထွန်းမင်းလတ်(ညာအစွန်ဒုတိယ​မြောက် အဝါ​ရောင်လည်စီးနဲ့ပုဂ္ဂိုလ်) ။ ။ဓါတ်ပုံ-မင်းအာင်လှိုင်​ဖေစ်ဘွခ်)
(ထိုင်းနိုင်ငံဘန်​ကောက်မှာ ၂၀၁၉ ခုနှစ်ကပြုလုပ်တဲ့လက်နက်ပြပွဲမှာမင်း​အောင်လှိုင်နဲ့အတူ​တွေ့ရတဲ့ထွန်းမင်းလတ်(ညာအစွန်ဒုတိယ​မြောက် အဝါ​ရောင်လည်စီးနဲ့ပုဂ္ဂိုလ်) ။ ။ဓါတ်ပုံ-မင်းအာင်လှိုင်​ဖေစ်ဘွခ်)

ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးမှုတွေအပြီးမြန်မာခရိုနီဦးထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ မူးယစ်ဆေးဝါးကွန်ရက်နဲ့ ဆက်စပ်နေတဲ့ ခန့်မှန်းခြေ ထိုင်းဘတ်ငွေ ၁.၈ ဘီလီယံလောက်(အ​မေရိကန်​ဒေါ်လာ ၄၇ သန်း​ကျော်)ကို သိမ်းဆည်းရမိခဲ့ကြောင်း မက်ထရိုပိုလီတန်ရဲဌာန(MPB)နဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဘုတ်အဖွဲ့ရဲ့ (ONCB)တို့ကကြေညာခဲ့ပါတယ်။

ထိုင်းတရားရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အမှုနဲ့ နောက်ထပ် အမှုတစ်ခုကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံ စုံစမ်းနေခဲ့ကြောင်း ပြောပါတယ်။

မက်ထရိုပိုလီတန်ရဲဌာနရဲ့ ဒုတိယ အကြီးအကဲဖြစ်သူ ရဲမှူးချုပ်နီတီသောင်ဂျင်တာကာနွန်က ရဲတပ်ဖွဲ့ အရာရှိတွေဟာ ဦးထွန်းမင်းလတ်ရဲ့ မသင်္ကာစရာငွေကြေးအလွှဲအပြောင်းတွေကို ၂၀၁၉ ခုနှစ်မှာ စတင်ထောက်လှမ်းမိလာတယ်လို့အတည်ပြုပါတယ်။

အခုအခါမှာတော့ မက်ထရိုပိုလီတန်ရဲဌာနဟာဦးထွန်းမင်းလတ်နဲ့ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူကြောင်းအစီရင်ခံစာကိုထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်မှုဘုတ်အဖွဲ့ရဲ့ဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။အဲဒီသိမ်းယူမှုတွေထဲမှာမီးခံသေတ္တာထဲက ငွေသားတွေ၊ ကားတွေ၊ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေနဲ့ ဇိမ်ခံအသုံးအဆောင် ပစ္စည်းတွေအကျုံးဝင်ပြီး ခန့်မှန်းတန်ဖိုး ဘတ် ၁.၈ ဘီလီယံလောက် ရှိတယ်လို့ နီတီသောင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မက်ထရိုပိုလီတန်ရဲဌာနဟာ ပိုင်ဆိုင်မှုတွေကိုသိမ်းယူလို့မရခဲ့ဘူးဆိုရင်ဦးထွန်းမင်းလတ်ရဲ့ အခွန်မှတ်တမ်းတွေကို နောက်ကြောင်းပြန် စုံစမ်းပြီး အဲဒီငွေကြေးတွေကို တခြားလမ်းကြောင်းတွေကနေ ပြန်လည် ရယူဖို့ပါ ကြိုတင် စီစဉ် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မက်ထရိုပိုလီတန်ရဲဌာနက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်မှု ရှိနေပြီး မြန်မာစစ်တပ်အတွက် လိုအပ်တဲ့လက်နက်နဲ့အသုံးအဆောင် ပစ္စည်းတွေ ဝယ်ယူနိုင်အောင် ကူညီပေးခဲ့တဲ့ ဦးထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ တရားစွဲဆို ခံထားရကြောင်း အတည်ပြုထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ဦးထွန်းမင်းလတ်ရဲ့ မူးယစ်ဆေး မှောင်ခိုကွန်ရက်ကို ပိုပြီး အားထည့် စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ ဦးထွန်းမင်းလတ်ရဲ့ လုပ်ငန်းတွေမှာ အဓိက ကြံရာပါတွေလို့ သတ်မှတ်ခံထားရသူ ထိုင်းနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ပင်နာရောင် ခွန်ပီတက်ခ်နဲ့ ကယ်လေယာဝီ သီရပ်ရာပါဝေါင်တို့ နှစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။