Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော

သံအမတ်ကြီးသည် လုံခြုံရေးကောင်စီကို အဆိုပါသက်သေအထောက်အထားများကို အသုံးပြုကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။

▪️စစ်တပ်ကျူးလွန်သော သန်းနှင့်ချီသည့်အထောက် အထားများကို ထိရောက်သည့် အရေးယူဆောင်ရွက် ချက်အဖြစ် ပြောင်းလဲဖော်ဆောင်ရန် အချိန်တန်ပြီဟုဆို

မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) သို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သောရန်စွယ်မှ ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးနိုင်မည် ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

လက်ရှိအချိန်သည် လူ့အခွင့်အရေးကောင်စီသည် ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းမှ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)မှ လက်ခံရရှိထားသော သက်သေအထောက်အထားများကို ထိရောက်ဆောလျင်စွာအသုံးပြုရန် အချိန်ကျနေပြီဖြစ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၌ တိုက်တွန်းသည်။

ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော
ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော

IIMM သည် စစ်တပ်မှ ကျူးလွန်ထားသည့် အဆိုပါရာဇဝတ်မှုများအတွက် သန်းနှင့်ချီသော သက်သေအထောက်အထား အမြောက်အများကို လက်ခံရရှိထားပြီး ယခုအချိန်သည် ယင်းအထောက် အထားများကို ထိရောက်သည့် အရေးယူဆောင်ရွက်ချက်အဖြစ်သို့ ပြောင်းလဲဖော်ဆောင်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်းသတိပေးသည်။

သံအမတ်ကြီးသည် လုံခြုံရေးကောင်စီကို အဆိုပါသက်သေအထောက်အထားများကို အသုံးပြုကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော
ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော

စစ်တပ်မှ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများ နေ့စဉ်နှင့်အမျှ မြင့်တက်နေပြီး အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်ပေးရန်အတွက် အချိန်သည် အရေးကြီး ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ထို့အပြင် ပြစ်မှုကျူးလွန်သူများကို တရားစီရင်နိုင်ခြင်းဖြင့် စစ်တပ်၏ ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် ရပ်တန့်နိုင်မည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။