Connect with us

Hi, what are you looking for?

သတင်း

ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော

သံအမတ်ကြီးသည် လုံခြုံရေးကောင်စီကို အဆိုပါသက်သေအထောက်အထားများကို အသုံးပြုကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။

▪️စစ်တပ်ကျူးလွန်သော သန်းနှင့်ချီသည့်အထောက် အထားများကို ထိရောက်သည့် အရေးယူဆောင်ရွက် ချက်အဖြစ် ပြောင်းလဲဖော်ဆောင်ရန် အချိန်တန်ပြီဟုဆို

မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) သို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သောရန်စွယ်မှ ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးနိုင်မည် ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

လက်ရှိအချိန်သည် လူ့အခွင့်အရေးကောင်စီသည် ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းမှ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)မှ လက်ခံရရှိထားသော သက်သေအထောက်အထားများကို ထိရောက်ဆောလျင်စွာအသုံးပြုရန် အချိန်ကျနေပြီဖြစ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၌ တိုက်တွန်းသည်။

ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော
ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော

IIMM သည် စစ်တပ်မှ ကျူးလွန်ထားသည့် အဆိုပါရာဇဝတ်မှုများအတွက် သန်းနှင့်ချီသော သက်သေအထောက်အထား အမြောက်အများကို လက်ခံရရှိထားပြီး ယခုအချိန်သည် ယင်းအထောက် အထားများကို ထိရောက်သည့် အရေးယူဆောင်ရွက်ချက်အဖြစ်သို့ ပြောင်းလဲဖော်ဆောင်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်းသတိပေးသည်။

သံအမတ်ကြီးသည် လုံခြုံရေးကောင်စီကို အဆိုပါသက်သေအထောက်အထားများကို အသုံးပြုကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော
ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော

စစ်တပ်မှ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများ နေ့စဉ်နှင့်အမျှ မြင့်တက်နေပြီး အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်ပေးရန်အတွက် အချိန်သည် အရေးကြီး ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ထို့အပြင် ပြစ်မှုကျူးလွန်သူများကို တရားစီရင်နိုင်ခြင်းဖြင့် စစ်တပ်၏ ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် ရပ်တန့်နိုင်မည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။