Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ(၆)ရွာမှ နေအိမ် ၂၅၀ ကျော် ဆုံးရှုံး

“အိမ်မီးလောင်တာ နောက်ဆုံးပြန်ရှာလို့ရတယ်လို့ဖြေလို့ရသေးတယ်။ လူကြီးတွေ စိတ်ထဲကဝေဒနာတွေ ဘယ်လိုကုသရမယ်မသိတော့ဘူး။ ယုတ်မာမှုရက်စက်မှုကတုနှိုင်းစရာကိုမရှိဘူး။ အိမ်ပါလို့ဝမ်းမနည်းဘူး။ အမေမျက်ရည်ကျလို့ဝမ်းနည်းရတယ်။”ဟု ရေစကြိုနယ်မှ နေအိမ်မီးရှို့ခံခဲ့ရသူ ဒေသခံတစ်ဦးက ပြောသည်။

(မီးလောင်ပျက်စီးခဲ့သောနေအိမ်များ၊ ဓာတ်ပုံ-U Wai Yan Naing)
(မီးလောင်ပျက်စီးခဲ့သောနေအိမ်များ၊ ဓာတ်ပုံ-U Wai Yan Naing)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ၆)ရွာရှိ နေအိမ်အလုံးပေါင်း ၂၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ (နိုဝင်ဘာ၂) သတင်းထုတ်ပြန်သည်။

၂၀၂၂ အောက်တိုဘာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်း အကြောင်းပြကာ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူ လုယက်ယူဆောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ချက်ပြုတ်စားသောက် ခြင်း၊ အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းစသော စစ်ရာဇဝတ်မှုများ ကျူးလွန်လုပ်ဆောင်ခဲ့ကြပြီး ကျေးရွာ (၆) ရွာမှ နေအိမ် ၂၅၅လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ရေစကြို (ပအဖ)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(မီးလောင်ပျက်စီးခဲ့သောနေအိမ်များ၊ ဓာတ်ပုံ-U Wai Yan Naing)
(မီးလောင်ပျက်စီးခဲ့သောနေအိမ်များ၊ ဓာတ်ပုံ-U Wai Yan Naing)

ထို့အပြင် အောက်တိုဘာ ၁၃ ရက်က ဇီးတောကျေးရွာ နေအိမ် ၁၂ လုံး၊ အောက်တိုဘာ၁၇ ရက်က တောင်ဦးကျေးရွာ နေအိမ် ၉ လုံး၊ အောက်တိုဘာ ၂၉ ရက်တစ်ရက်တည်း ရွာ သုံးရွာမီးရှို့ခံရပြီး စိုင်သေရွာမှ ၄၃ လုံး၊ သံပြာချောင်းရွာမှ ၇၅ လုံး၊ မြေမလှရွာ ၅၃လုံး၊ အောက်တိုဘာ ၃၀ ရက်တွင် ခံစစ်တောရွာမှ ၆၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

“အိမ်မီးလောင်တာ နောက်ဆုံးပြန်ရှာလို့ရတယ်လို့ဖြေလို့ရသေးတယ်။ လူကြီးတွေ စိတ်ထဲကဝေဒနာတွေ ဘယ်လိုကုသရမယ်မသိတော့ဘူး။ ယုတ်မာမှုရက်စက်မှုကတုနှိုင်းစရာကိုမရှိဘူး။ အိမ်ပါလို့ဝမ်းမနည်းဘူး။ အမေမျက်ရည်ကျလို့ဝမ်းနည်းရတယ်။”ဟု ရေစကြိုနယ်မှ နေအိမ်မီးရှို့ခံခဲ့ရသူ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများပြုလုပ်နိုင်ရန် ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့မှ ဦးဆောင်ကာ ပြည်တွင်း၊ ပြည်ပမှအလှူရှင်များ၊ ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ)နှင့် ရပ်/ကျေး ပအဖ အဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook