Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက် ဆုတောင်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA လက်နက်ကြီးဖြင့် တိုက်ခိုက်တပ်စွဲမိုးမောက် ဆုတောင်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA လက်နက်ကြီးဖြင့် တိုက်ခိုက်

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။

(KIA တပ်မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာအား တွေ့ရစဉ်)
(KIA တပ်မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ ယမန်နေ့ (နိုဝင်ဘာ ၂ရက်)က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စွဲရာနေရာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

နိုဝင်ဘာ ၂ရက် နံနက် ၁၀နာရီခန့်ကစ၍ စစ်ကောင်စီနှင့် KIA တပ်အကြား လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ KIA တပ်ဖွဲ့က စစ်ကောင်စီတပ်များ တပ်စွဲနေသည့် ဆုတောင်းတောင်နေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ စစ်ကောင်စီ၏ မိုးမောက် ခမရ (၄၃၇)တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

(KIA တပ်မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာအား တွေ့ရစဉ်)
(KIA တပ်မှ ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာအား တွေ့ရစဉ်)

တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေများကို မသိရသေးပေ။ မိုးမောက်ဒေသ တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

အဆိုပါဒေသ၌ စစ်ကောင်စီတပ်က အနီးဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့၍ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ၊ ဘာရေးအဆောက်အအုံများ မူကြိုကျောင်းဆောင်များ ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။

မိုးမောက်မြို့နယ်တွင် အောက်တိုဘာ ၂၂ရက်ကစတင်ပြီး နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ KIA တပ်စွဲရာ လုံဂျာတောင်ဒေသသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲစတင်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။ ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်အင်အား အများအပြားကို စစ်ကောင်စီတပ်က ဖြည့်တင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။