Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တွင် PDFများကို ကြောက်လန့်၍ စစ်ကောင်စီတပ်အရာရှိတစ်ဦးလျှင် အင်အား၈၀ခန့် အသုံးပြုသွားလာနေရ

စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်း‌ကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။

ကလေးမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများ ၊ ဓာတ်ပုံ - CJ
ကလေးမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများ ၊ ဓာတ်ပုံ - CJ

ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ မိုင်းအန္တရာယ်ကို ကြောက်လန့်နေသည့် စစ်ကောင်စီတပ်က ၎င်းတို့၏ အရာရှိတစ်ဦးလုံခြုံရေးအတွက် အင်အား ၈၀ခန့်အထိ အသုံးပြုကာမြို့တွင်း၌ ‌ခြေလျင်စစ်ကြောင်းဖြင့် သွားလာနေရကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ကလေးမြို့ GTC ကျောင်းဝင်းအတွင်း စစ်ကောင် စီတပ်က ယနေ့(‌နိုဝင်ဘာ ၃ရက်) နံနက်ပိုင်းတွင် အင်းအားအများအပြားဖြင့် စုဝေးနေခဲ့သည်။ ပုံမှန်အခြေအနေမဟုတ်၍ စုံစမ်းကြည့်သည့်အခါ စစ်ကောင်စီအရာရှိတစ်ဦး GTC ဝင်းအတွင်း လာရောက်၍ လုံခြုံရေးယူပေးခြင်းဟု သိရကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

“စခတွေက သူတို့အရာရှိတစ်ယောက်ကို လာပို့တာ အင်အား ၈၀လောက်သုံးထားတယ်။ သူတို့အလှည့်ကျ တော်တော် ကြောက်တတ်ကြတာပဲ။ အခုတော့ GTC ဝင်းထဲမှာ စုနေကြတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်း စုဝေးနေသည်ဟူသော သတင်း‌ကြောင့် ကလေးမြို့ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့သည် နေရာထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။

Public Service Announcement

Public Service Announcement

” GTCဂိတ်ကနေ ပိတ်ထားတယ်။ မြို့ထဲကိုတက် လာတဲ့သူတွေကို အကုန်ပြန်လှည့်ခိုင်းနေတယ်။ ပုံစံမကျရင် ပစ်သတ်မယ်လို့ ခြိမ်း‌ခြောက်တယ်။ ဒီစစ်ကြောင်းဘယ်ကို သွားမလဲဆိုတာ ပြည်သူအချင်းချင်းသတင်းပေးကြပါ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် အောက်တိုဘာ ၃၁ရက်ကစစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် သုံးဦးသေဆုံးခဲ့သည်။

ကလေးမြို့ GTC ကျောင်းဝင်းအတွင်းမှ စစ်ကောင်စီစစ်ကြောင်းသည် အင်းအား ၁၅၀ခန့်အထိရှိလာပြီး ယင်းနေရာတွင် စခန်းချမည်လား၊ သို့မဟုတ် မည်သည့်နေရာ စစ်ကြောင်းထွက်မည်ကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook