သတင်း KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး ကျန်ရစ်သည့် ရဲဘော်ရဲဘက်များ အနေဖြင့်တန် ဖိုးကြီးမားသောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု HRSက ကတိပြုသည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း ‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ပုသိမ်မြို့ရှိ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက် ယနေ့(နိုဝင်ဘာ ၅)နေ့လယ် ၁၂ နာရီ မိနစ် ၂၀ခန့်က ပုသိမ်မြို့ မြတ်တိုစုပေါင်းရုံးလမ်းရှိ စသုံးလုံးရုံးအား PSTF နှင့် ကန်ကြီးထောင့်(ပကဖ)တို့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း သပိတ်ကျင်းမြို့နယ် တကောင်းရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက် ယနေ့(နိုင်ဝင်ဘာ ၅)နံနက် ၈ နာရီ ၅၀ခန့်က တကောင်းလမ်းဆုံရှိ စစ်ကောင်စီရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း ပဲခူးရိုးမ၌ ပြန်အခြေချရန် ဦးဆောင်ခဲ့သူ KNLA တပ်မှူးဟောင်း ဗိုလ်ကြီးစောသန်းလှ၏ပေးဆပ်မှုများအပေါ် ဦးညွှတ်အလေးပြုကြောင်း KNU ထုတ်ပြန် ဗိုလ်ကြီးစောသန်းလှန်သည် ၁၉၈၃တွင် ပဲခူးရိုးမသို့ ပြန်လည်အခြေချရန် အတွက် ဗိုလ်မှူးစောမင်းသိမ်းဦးဆောင်သော KNU တပ်ဖွဲဝင်များနှင့်အတူ ပါဝင်ခဲ့ပြီး ဒုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်ဟုဆိုသည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း တန့်ဆည်နယ် သာဂရရွာအနီးတိုက်ပွဲ ပြည်သူ့ရဲဘော် တစ်ဦးကျဆုံး ယမန်နေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၇နာရီ ၂၀မိနစ် ခန့်က တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာအနီး၌ စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့် ရွှေဘိုခရိုင်တပ်ရင်း (၂၅) TPC အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း ကန့်ဘလူမြို့နယ်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် သံဃာနှစ်ပါးနှင့် ပြည်သူ ၉ဦး ပျောက်ဆုံးနေ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အောက်တိုဘာ ၂၂ရက်မှ အောက်တိုဘာ ၃၁ရက်အထိ ကန့်ဘလူနယ်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ် နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာလ ၄ရက်)နေ့လယ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း စစ်ကောင်စီက ပဲခူး ရွှေမော်ဓောဘုရား တန်ဆောင်တိုင်ပွဲ ပြုလုပ်ရန် ဘုရားဝန်းရှိ ဆိုင်ခန်းများအား အဓမ္မပိတ်ခိုင်း စစ်ကောင်စီက ထုတ်ပြန်သည့် စာအရနိုဝင်ဘာ ၅ ရက်က စတင်၍ လက်ရှိဆိုင်ခန်းများအား ခေတ္တပိတ်ထားရန်နှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်အသိပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက် နိုဝင်ဘာ၂ ရက်ကလည်း မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ၏ Jummer ကားလေးစီးအား ဒေသကာကွယ်ရေးအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ LuduNwayOoနိုဝင်ဘာ 5, 2022
သတင်း စစ်ကောင်စီပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲမစည်ကား ဖွင့်ပွဲ ကျင်းပဖို့ ညနေ ၅ နာရီမှာစတင်နေရာယူကြပြီး ညနေ ၆ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပေမယ့် လာရောက်ကြည့်ရှုသူနည်းပါးတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 4, 2022