Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသည့် ပြည်သူတစ်ဦးကို သတ်ပြီး အလောင်းအိမ်သာကျင်းထဲချသွား

သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ် ခံရသော အမျိုးသားရုပ်အလောင်းအား ဆယ်ယူပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing
စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ် ခံရသော အမျိုးသားရုပ်အလောင်းအား ဆယ်ယူပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာတွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသည့် ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းအား အိမ်သာကျင်းထဲပစ်ချသွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်က မြိုင်မြို့နယ် အရှေ့ပိုင်း၊ ကျောက်ဖူးကျေးရွာ၌ ညအိပ်တပ်စွဲသွားသော စစ်ကောင်စီတပ်သည် ၎င်းတို့ စစ်ကြောင်းထိုးရာလမ်းကြောင်း၌ ဖမ်းဆီးလာသော ပြည်သူများအနက်မှ အမျိုးသားတစ်ဦးကိုသတ်ဖြတ်ပြီး ရုပ်အလောင်းအား အိမ်သာကျင်းထဲ ချထားခဲ့ကြောင်း We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ ရွာထဲမှ ပြန်ထွက်သွားချိန်ပြည်သူများ ကျေးရွာတွင်းကို ပြန်လည်ဝင်ရောက်ချိန်တွင် နေအိမ်ဝင်းတစ်ခုရှိ အိမ်သာကျင်းထဲက အပုပ်နံ့များထွက်လာ၍ သွားရောက်ကြည့်ရှုရာ အမျိုးသားရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့သည်။ အဆိုပါ ရုပ်အလောင်းကို ဒေသကာကွယ် ရေးအဖွဲ့များက ဆယ်ယူပြီး မီးသင်္ဂြိုလ်ပေးခဲ့ရကြောင်း We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူမှာ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ဝက်ကျရွာမှ အသက်(၃၀)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ကိုဆိုသူ ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဝက်ကျရွာရဲ့ တောင်ဘက်မှာရှိတဲ့ ပဲခင်းကို အသွားမှာ နှောပင်ကနေ ကျောက်ဖူးဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စခ များနဲ့ တွေ့ပြီး အဖမ်းခံခဲ့ရတာလို့ သိရတယ်ဗျ။ အဖမ်းခံခဲ့ရပြီး စိတ်မနှံ့သူဆိုတော့ စကားတွေများပုံရတယ်။ အကြမ်းဖက် စခတွေကို နှစ်ယောက်ပေးမယ် ချမလားလို့ ကိုအောင်ကိုက ပြောတယ်လို့လည်း သိရပါတယ်ဗျ။”ဟု We Love Myaing အဖွဲ့ဝင်က ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၃ ရက်)နံနက်ပိုင်းတွင် နှောပေါက်ရွာ၌ ညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ရေနံမှော်ထဲသို့ ထွက်ခွာသွားသည်။

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်တွင် စစ် ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁ ရက်က ပေါက်နယ်ရှိ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ငါးဦးအား သတ်ဖြတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။