Connect with us

Hi, what are you looking for?

သတင်း

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် တပ်မနှစ်ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့

လက်ရှိတွင် ဗြိတိန်သည် လူပုဂ္ဂိုလ် ၃၀ ဦးနှင့် အဖွဲ့အစည်း ၂၃ ခုကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသူများအဖြစ် ဒဏ်ခတ်ပိတ်ဆို့ထားပြီးဖြစ်သည်။

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် တပ်မနှစ်ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့
စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် တပ်မနှစ်ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့

မြန်မာစစ်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် တပ်မ နှစ်ခုကို ဗြိတိန်အစိုးရက ယနေ့ ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများအတွက် တာဝန်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဗြိတိန်အစိုးရသည် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်မည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို လေးစားသမှုပြုရင်း မြန်မာစစ်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ မြန်မာစစ်တပ်၏ ခြေမြန်တပ်မ (LID) ၃၃ နှင့် ခြေမြန်တပ်မ (LID) ၉၉ တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် တပ်မနှစ်ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့
စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် တပ်မနှစ်ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးသည် စစ်ကြောရေးလုပ်ရာတွင် မုဒိန်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် ညှင်းပန်းနှိပ်စက်မှုများကို အဓိကကျူးလွန်သူဖြစ်ကြောင်း သိရှိရပြီး ခြေမြန်တပ်မ ၃၃ နှင့် ၉၉ တို့သည် ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်းဖက်ခြင်းအပါအဝင် အခြားအကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ မှန်တယ်လို့ ယုံကြည်တဲ့အရာတွေအတွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မားမားမတ်မတ်ရပ်တည်နေပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေက ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရပါတယ်၊ အဲဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်ကသူတွေကို တာဝန်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနှင့် ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒီလိုမျိုး ကျယ်ပြန့်တဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေကတဆင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအဝင် တခြားမြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုတွေကို ရွံ့ရှာ ထိတ်လန့်ဖွယ် ကျူးလွန်နေတဲ့သူတွေကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီ က ပြောသည်။

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် တပ်မနှစ်ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့
စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် တပ်မနှစ်ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့

လက်ရှိတွင် ဗြိတိန်သည် လူပုဂ္ဂိုလ် ၃၀ ဦးနှင့် အဖွဲ့အစည်း ၂၃ ခုကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသူများအဖြစ် ဒဏ်ခတ်ပိတ်ဆို့ထားပြီးဖြစ်သည်။

သို့သော် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း ၅၁၆ ဖွဲ့ သည် မြန်မာစစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများကို အဆုံးသတ်ရန် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးအနေဖြင့် ပိုမိုပြတ်သားပြင်းထန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန် ယနေ့ တောင်းဆိုထားသည်။

အထက်ပါ အဖွဲ့ ၅၁၆ ဖွဲ့သည် မြန်မာစစ်အုပ်စုကို ဆန့်ကျင်အံတုကာ ၎င်းတို့၏ ရပိုင်ခွင့်နှင့် ဒီမိုကရေစီကို ရဲရင့်စွာဆက်လက်ကာကွယ်နေကြသည့် မြန်မာပြည်သူများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်သည့်အနေဖြင့် မြန်မာစစ်အုပ်စုကို လေယာဥ်ဆီတင်ပို့ရောင်းချရာတွင် မည်သည့် ဗြိတိသျှကုမ္ပဏီမျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ခြင်းမရှိရေး ဗြိတိန်အစိုးရမှ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။