Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကို လေယာဥ်ဆီရောင်းချနေသည့် ကုမ္ပဏီများနှင့် နိုင်ငံပိုင်လုပ်ငန်းများကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့ရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက် အဖွဲ့ ၅၀၀ကျော် အိတ်ဖွင့်ပေးစာပေးပို့

မြန်မာစစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများကို အဆုံးသတ်ရန် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးအနေဖြင့် ပိုမိုပြတ်သားပြင်းထန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန်လည်း တောင်းဆို ထားသည်။

လေယာဉ်ဆီများ တင်ဆောင်လာသည့် SANTYA ဆီတင်သင်္ဘောမှာ ရန်ကုန်မြို့သို့ ဇွန် ၂၆ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။ (ဓာတ်ပုံ − Marine Traffic)
လေယာဉ်ဆီများ တင်ဆောင်လာသည့် SANTYA ဆီတင်သင်္ဘောမှာ ရန်ကုန်မြို့သို့ ဇွန် ၂၆ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။ (ဓာတ်ပုံ − Marine Traffic)

စစ်အုပ်စုထံ လေယာဥ်ဆီတင်ပို့ရောင်းချရာတွင် ပါဝင်သည့် မြန်မာကုမ္ပဏီများနှင့် နိုင်ငံပိုင်လုပ်ငန်းများအပေါ် ချက်ချင်းဒဏ်ခတ် အရေးယူပိတ်ဆို့ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၅၁၆ဖွဲ့က ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့သည်။

မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း ၅၁၆ ဖွဲ့သည် ဒီဇင်ဘာ ၁၀ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို အသိအမှတ်ပြုပြီး မြန်မာစစ်အုပ်စုကို ဆန့်ကျင်အံတုကာ ၎င်းတို့၏ ရပိုင်ခွင့်နှင့် ဒီမိုကရေစီကို ရဲရင့်စွာဆက်လက်ကာကွယ်နေကြသည့် မြန်မာပြည်သူများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်သည့်အနေဖြင့် မြန်မာစစ်အုပ်စုကို လေယာဥ်ဆီတင်ပို့ရောင်းချရာတွင် မည်သည့် ဗြိတိသျှကုမ္ပဏီမျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ခြင်းမရှိရေး ဗြိတိန်အစိုးရမှ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ယနေ့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများကို အဆုံးသတ်ရန် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးအနေဖြင့် ပိုမိုပြတ်သားပြင်းထန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန်လည်း တောင်းဆို ထားသည်။

စစ်အုပ်စု၏ တရားမဝင် အာဏာလုယူရေးကြိုးပမ်းမှုက နိုင်ငံတစ်ဝန်းတွင် ဆိုးရွားကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ယခင်က တစ်ခါမျှမကြုံခဲ့ဖူးသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပြီး စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၂,၅၀၀ အသက်ဆုံးရှုံးရကာ နောက်ထပ်သော လူပေါင်း ၂.၅ သန်းကျော်ကိုလည်း အိုးအိမ်စွန့်ခွာထွက်ပြေးစေခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းအရေအတွက်သည် မြေပြင် အမှန်တကယ် ပမာဏထက် များစွာ ပို၍များနိုင်ပြီး ကျောင်းများ၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ အပါအဝင် အရပ်သားများသည် လေကြောင်းတိုက်ခိုက်မှု၏ ပစ်မှတ်ထားခြင်းနှင့် ခြိမ်းခြောက်မှုကို အစဥ်တစိုက်ခံနေရသည့်အပြင် အသက်ဘေးအတွက်လည်း ထွက်ပြေးနေရကြောင်း ဆက်လက်ဖော်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် အလုံးစုံသော ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု တားမြစ်ပိတ်ပင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ချမှတ်ပြဌာန်းနိုင်ရေး လုပ်ဆာင်ရန် ဗြိတိန်အစိုးရကို အထက်ပါအဖွဲ့အစည်းများက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။