Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်တွင် TNLAနှင့် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး နှစ်ညဆက် ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိသည်ဟု TNLAက ပြောသည်။

(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ - CJ/Shwe Phee Myay News Agency)
(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ - CJ/Shwe Phee Myay News Agency)

စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး အလွန်အကျွံအသုံးပြုတိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသည်ဟု TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောကြားသည်။

ဒီဇင်ဘာ ၇ရက်နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အားများချပြီး TNLA တပ်စခန်းရှိရာသို့ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့နံနက်အထိ တိုက်ပွဲမနားသေးဟု ဆိုသည်။

(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ - CJ/Shwe Phee Myay News Agency)
(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ – CJ/Shwe Phee Myay News Agency)

“တိုက်ပွဲကတော့ မရပ်ဘူး စတဲ့နေ့ကတည်းက တောက်လျှောက်ဖြစ်နေတုန်းပဲ။ ဒီနေ့နဲ့ဆို သုံးရက်မြောက်ဖြစ်သွားပြီ။ လက်နက်ကြီးတွေလည်း ဆက်တိုက်ထုနေတယ်။ မနေ့ညကလည်း ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်တာရှိတယ်။ထိခိုက်မှုကတော့ ရှိတော့ရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မသိရဘူး။ နှစ်ဖက်ထိခိုက်မှုတော့ရှိတယ်” ဟု ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က အခြားဒေသမှ ပစ်ကူပေးရန် စစ်ရေးပြင်ဆင်နေသည့် အခြေ အနေတွေ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ - CJ/Shwe Phee Myay News Agency)
(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ – CJ/Shwe Phee Myay News Agency)

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး နှစ်ညဆက် ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိသည်ဟု TNLAက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ နမ့်ဆန်နှင့် မန်တုံဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကုန်းသာအပါအဝင် ဒေသတွင်းရှိ ကျေးရွာတွင်းနှင့် ကျေးရွာအနီးတဝိုက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ဖြစ်ခဲ့ပြီးနေအိမ်ပျက်စီးမှုရှိခဲ့သည်ဟုဆိုသည်။ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု TNLA ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။