Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နမ့်ဆန်တွင် TNLAနှင့် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး နှစ်ညဆက် ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိသည်ဟု TNLAက ပြောသည်။

(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ - CJ/Shwe Phee Myay News Agency)
(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ - CJ/Shwe Phee Myay News Agency)

စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး အလွန်အကျွံအသုံးပြုတိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသည်ဟု TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောကြားသည်။

ဒီဇင်ဘာ ၇ရက်နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အားများချပြီး TNLA တပ်စခန်းရှိရာသို့ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့နံနက်အထိ တိုက်ပွဲမနားသေးဟု ဆိုသည်။

(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ - CJ/Shwe Phee Myay News Agency)
(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ – CJ/Shwe Phee Myay News Agency)

“တိုက်ပွဲကတော့ မရပ်ဘူး စတဲ့နေ့ကတည်းက တောက်လျှောက်ဖြစ်နေတုန်းပဲ။ ဒီနေ့နဲ့ဆို သုံးရက်မြောက်ဖြစ်သွားပြီ။ လက်နက်ကြီးတွေလည်း ဆက်တိုက်ထုနေတယ်။ မနေ့ညကလည်း ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်တာရှိတယ်။ထိခိုက်မှုကတော့ ရှိတော့ရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မသိရဘူး။ နှစ်ဖက်ထိခိုက်မှုတော့ရှိတယ်” ဟု ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က အခြားဒေသမှ ပစ်ကူပေးရန် စစ်ရေးပြင်ဆင်နေသည့် အခြေ အနေတွေ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ - CJ/Shwe Phee Myay News Agency)
(မန်လုံဒေသခံများ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်လာစဥ်၊ ဓာတ်ပုံ – CJ/Shwe Phee Myay News Agency)

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး နှစ်ညဆက် ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိသည်ဟု TNLAက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ နမ့်ဆန်နှင့် မန်တုံဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကုန်းသာအပါအဝင် ဒေသတွင်းရှိ ကျေးရွာတွင်းနှင့် ကျေးရွာအနီးတဝိုက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ဖြစ်ခဲ့ပြီးနေအိမ်ပျက်စီးမှုရှိခဲ့သည်ဟုဆိုသည်။ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု TNLA ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။