Connect with us

Hi, what are you looking for?

သတင်း

ကညွတ်ကွင်းမြို့ရှိ ခမရ(၄၃၉)တပ်ရင်းဂိတ်အား ပစ်ခတ်တိုက်ခိုက်

‘နန်းထိုက်အောင်စစ်ဆင်ရေး’တွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဓာတ်ပုံ - Bago Region PDF
ဓာတ်ပုံ - Bago Region PDF

ပဲခူးတိုင်း ကညွတ်ကွင်းမြို့ရှိ ခမရ(၄၃၉)တပ်ရင်းဂိတ်အား ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းထန် ဒဏ်ရာရကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီဇင်ဘာ ၈ ရက် ညနေ ၅နာရီခန့်ကပြုလုပ်ခဲ့ပြီး ဖြူးမြို့နယ် ပကဖ (9 Kwins Fighters Force မြို့ပြပျောက်ကြားအဖွဲ့) က “နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ယနေ့(ဒီဇင်ဘာ ၉ ရက်)တွင် ထုတ်ပြန်သည်။

ခမရ(၄၃၉)တပ်ရင်း၏ လုံခြုံရေးဂိတ်တွင် စစ်ကောင်စီတပ်သား လေးဦးရှိပြီး ပစ်ခတ်တိုက် ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်းလည်း အသိပေးသည်။

Public Service Announcement
Public Service Announcement

‘နန်းထိုက်အောင်စစ်ဆင်ရေး’တွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ရှေ့လျှောက် စစ်ရေးအရှိန်မြင်လာဖို့ပဲရှိတယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ နဲ့သက်ဆိုင်တဲ့ စစ်ရေးပစ်မှတ်များနဲ့ ဝေးဝေးနေကြ ဖို့ အဓိက တိုက်တွန်းလိုပါတယ်”ဟု ဖြူးမြို့နယ် (ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုဖြစ်စဥ်မတိုင်မီ နိုဝင်ဘာလဆန်းပိုင်းကလည်းက ညွတ်ကွင်းမြို့ရဲစခန်း အရှေ့ဘက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ရဲသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။