Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရပ်ကွက်ရုံးရှေ့ ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

တိုက်ခိုက်ခံရတဲ့ ရပ်ကွက်ရုံးနားမှာ နေထိုင်သူ အမျိုးသားတစ်ဦး ရဲ့ ပြောပြချက်အရ ပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်ပစ်ခတ်သံတွေကို ကြားရတယ်လို့သိရပါတယ်။

မန္တလေးမှာ ရပ်ကွက်ရုံးရှေ့ ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ
မန္တလေးမှာ ရပ်ကွက်ရုံးရှေ့ ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် ထဲက ထင်းဝင်းရပ်ကွက်ရုံးရှေ့မှာ မနေ့က ညနေပိုင်း ၅ နာရီခန့် ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကြားအဖွဲ့ Special Task Force MDY က ထုတ်ပြန်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း အဲဒီအဖွဲ့ ကဆိုထားပါတယ်။

တိုက်ခိုက်ခံရတဲ့ ရပ်ကွက်ရုံးနားမှာ နေထိုင်သူ အမျိုးသားတစ်ဦး ရဲ့ ပြောပြချက်အရ ပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်ပစ်ခတ်သံတွေကို ကြားရတယ်လို့သိရပါတယ်။

သိပ်မကြာခင်မှာတော့ လူနာတင်ကားရောက်လာပြီး ဒဏ်ရာရသူတွေကိုသယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့ ထင်းဝင်းရပ်ကွက်ရုံးဟာ အမှတ် (၇) ရဲစခန်းနဲ့ မဟာအောင်မြေမြို့နယ် တရားရုံး ကြားမှာ တည်ရှိပြီး စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

Facebook