Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် မီးရှို့ခံရသည့်မြင်းဒေါင်းရွာအား ရှင်းလင်းရေးလုပ်ရန်လာသည့် ရွာသားများကို စစ်ကောင်စီတပ် လိုက်လံပစ်ခတ်

အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာ၄ရက်အထိ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၅၈)ရွာမှ နေအိမ်ပေါင်း၂,၆၄၆ လုံးအထိ မီးရှို့ဖျက်ဆီးခံထားရကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော မြင်းဒေါင်းကျေးရွာ၊ ဓာတ်ပုံ-Cj
မီးရှို့ဖျက်ဆီးခံခဲ့ရသော မြင်းဒေါင်းကျေးရွာ၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာတွင် ဒေသခံများအား စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်၍ အမျိုးသားတစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၉ရက်)နံနက် ၈နာရီခန့်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာတွင် မီးရှို့ခံထားရသော နေရာများသို့ ရှင်းလင်းရေးလုပ်ရန် ဝင်လာကြသည့် ရွာသူ၊ရွာသားများအား မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက လိုက်လံပစ်ခတ်ခဲ့ကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်အုပ်စုသည် (၆ဝ)မမနှင့် စက်ကလေးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူများထွက်ပြေးခဲ့ရကြောင်း၊ ရွာမြောက်ဘက်အရောက်တွင် အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး နားထင်ရှပ်မှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ မူးတိမ်ချောင်း တံတားကနေ စစ်သားနဲ့ပျူ ၁၅ ယောက်လောက်က မြင်းဒေါင်း​ကျေးရွာ ရေသန့်စက်နား ရောက်လာပြီး ဂန်းတွေနဲ့အဆက်မပြတ် ရမ်းသမ်းပစ်သွားတာလို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မြင်းဒေါင်းကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ ကင်းပုန်းကျန်နိုင်၍ မစုံစမ်းဘဲမဝင်ကြရန် ဒေသတွင်း တော်လှန်ရေးအဖွဲ့များက သတိပေးသည်။

မြင်းဒေါင်းကျေးရွာသည် စစ်ကောင်စီတပ်၏ မကြာခဏ မီးရှို့ဖျက်ဆီးမှု မကြာခဏခံရလေ့ရှိသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ပြည်သူအချိူ့လည်း ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။

အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာ၄ရက်အထိ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၅၈)ရွာမှ နေအိမ်ပေါင်း၂,၆၄၆ လုံးအထိ မီးရှို့ဖျက်ဆီးခံထားရကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ရှိ မင်းပြင်ရွာကို စစ်ကောင်စီတပ်က သီတင်းကျွတ်လပြည့်ညကစပြီး လပြည့်ကျော် ၁ ရက်အထိ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း စစ်တပ်က ပစ်သတ်တာ ခံခဲ့ရတဲ့ ဂျပန် သတင်းထောက်ရဲ့ ဗီဒီယို ကင်မရာထဲက တိပ်ခွေဟာ သက်သေဖျောက်ဖျက်ဖို့ ပြင်ဆင် တည်းဖြတ်ခြင်း ခံထားရဟန်ရှိကြောင်း မိခင် သတင်းဌာနက ပြောပါတယ်။