Connect with us

Hi, what are you looking for?

သတင်း

သိန္နီဒေသ၌ ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို

မူပန်ခရိုင်(သိန္နီဒေသ၌) နေ့လည်ပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦး သေဆုံးထိခိုက်ခဲ့ပြီး MNDAA ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

MNDAAမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang
MNDAAမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီဒေသ၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်ရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၈ ရက် နံနက်က စစ်ကောင်စီတပ်မှ အင်အား ၁၀၀ခန့်ရှိ စစ်ကြောင်းသည် လားရှို- ကွမ်းလုံလမ်းကြောင်းရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တပ်မဟာ (၂၁၁)၏ တပ်ရင်းအချို့ထံ ချဉ်းကပ်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

မူပန်ခရိုင်(သိန္နီဒေသ၌) နေ့လည်ပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦး သေဆုံးထိခိုက်ခဲ့ပြီး MNDAA ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်နှင့် MNDAAတို့သည် နိုဝင်ဘာလကုန်ပိုင်းကလည်း MNDAA တပ်စွဲရာ ချင်းရွှေဟော်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်။ ချင်းရွှေဟော်ဒေသသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီထိုးစစ်ရပ်ထား၍ လတ်တလောတွင် တိုက်ပွဲငြိမ်နေကြောင်း ကိုးကန့်သတင်းရင်းမြစ်က ပြောကြားထားသည်။ ယင်းတိုက်ပွဲကြောင့် လောက်ကိုင်ရှိ အရပ်သားများလည်း ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။