Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သိန္နီဒေသ၌ ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို

မူပန်ခရိုင်(သိန္နီဒေသ၌) နေ့လည်ပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦး သေဆုံးထိခိုက်ခဲ့ပြီး MNDAA ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

MNDAAမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang
MNDAAမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီဒေသ၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်ရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၈ ရက် နံနက်က စစ်ကောင်စီတပ်မှ အင်အား ၁၀၀ခန့်ရှိ စစ်ကြောင်းသည် လားရှို- ကွမ်းလုံလမ်းကြောင်းရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တပ်မဟာ (၂၁၁)၏ တပ်ရင်းအချို့ထံ ချဉ်းကပ်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

မူပန်ခရိုင်(သိန္နီဒေသ၌) နေ့လည်ပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦး သေဆုံးထိခိုက်ခဲ့ပြီး MNDAA ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်နှင့် MNDAAတို့သည် နိုဝင်ဘာလကုန်ပိုင်းကလည်း MNDAA တပ်စွဲရာ ချင်းရွှေဟော်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်။ ချင်းရွှေဟော်ဒေသသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီထိုးစစ်ရပ်ထား၍ လတ်တလောတွင် တိုက်ပွဲငြိမ်နေကြောင်း ကိုးကန့်သတင်းရင်းမြစ်က ပြောကြားထားသည်။ ယင်းတိုက်ပွဲကြောင့် လောက်ကိုင်ရှိ အရပ်သားများလည်း ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။