သတင်း ယင်းမာပင် ရင်ပေါင်တိုင်တိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်များ အဆိုပါ ရင်ပေါင်တိုင်ရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်များကို ယမန်နေ့ (ဩဂုတ် ၁၂ရက်) နေ့လည်ပိုင်းက ဒေသခံ PDFများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီး ရဟတ်ယာဉ်ဖြင့် ထပ်မံစစ်အင်အားဖြည့်တင်း ခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း စစ်ရေယာဥ်တစ်စီး ကလေးဝမြို့မှ ချင်းတွင်းမြစ် အောက်ဘက်သို့ ပြန်ဆင်းလာသဖြင့် မြစ်ရိုးတစ် လျှောက်ရှိ ဒေသခံပြည်သူများ သတိပြုသွားလာကြရန် ကျောက်လုံးကြီး PDF သတိပေး ယမန်နေ့ကစ၍ စစ်ရေယာဉ်သင်္ဘောတစ်စီး သည် ကလေးဝမြို့မှစတင်စုန်ဆင်လာခဲ့ပြီးနောက် မင်းကင်းမြို့နယ် ပန်းဆက် ပျူစောထီးရွာတွင် ညအိပ်စခန်းချခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း KNLA/KNDO တပ်မှူးများအစည်းအဝေးကော်သူးလေတပ်မတော်ရင်ဘတ်တံဆိပ်အသုံးပြုမည့် ဆုံးဖြတ်ချက်ကို တပ်မဟာအားလုံးတွင် ဆောင်ရွက်မည် တစ်ဖက်တွင်လည်း KNDO စစ်ဦးစီးချုပ် ရာထူးတာဝန်မှ ရပ်ဆိုင်းခြင်းခံထားရသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ယခုနှစ် ဇူလိုင် ၁၉ရက်တွင် ၎င်းစစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီး ကော်သူးလေတပ်မတော် ဖွဲ့စည်းကြေညာခဲ့သည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ပြည်သူ နှစ်ဦးကို သတ်ဖြတ်၊ ဒေသခံ ၅၀ကျော်ကို ဖမ်းဆီးသွား ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် (၃၀၀၀၀)ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း စစ်ကောင်စီသင်္ဘောအုပ်စု ကချင်သို့ ဆက်လက်ဆန်တက်နေ သင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ ပို့မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း ရေဦး – ခင်ဦး လမ်းပိုင်းတွင် ယနေ့နံနက် စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံအမျိုးသမီးနှစ်ဦးကျည်ထိမှန် ရေဦးမြို့တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွင် ကားငါးစီးပါဝင်ပြီး ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း နိုင်ငံတကာအဖွဲ့အစည်း ၁၂ဖွဲ့က မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်ဟုလိပ်မူရေးသောစာကို အရပ်ဘက်အဖွဲ့အစည်း ၃၈၆ဖွဲ့ အပြင်းအထန်ကန့်ကွက် Human Rights အဖွဲ့က ပေးစာနှင့်ပတ်သက်၍ ၎င်းတို့အဖွဲကို အသိပေးခြင်း၊ သဘောတူညီ ချက် ရယူခြင်းများ မရှိကြောင်းနှင့် မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ပြီးခဲ့သည့် နာရီ ပိုင်းတွင် ထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးများနိုင် "ဩဂုတ်လ ၈ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ(၄)ကြိမ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးအပ်ပါသည်"ဟု တန့်ဆည် PDF က အသိပေးသည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း ရွှေဈေး ၂၆သိန်း၊ တစ်ဒေါ်လာ ၂၈၅၀ကျပ်ရှိလာပြီးကျပ်ငွေတန်ဖိုးစံချိန်တင်ကျ သြဂုတ် ၁၂ ရက်တွင် ပြည်တွင်းရွှေဈေးမှာအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းကျော်( ၂,၆၂၀,၀၀၀)အထိဆက်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ၂၇၉၀ကျပ်မှ ၂၈၅၀ကျပ်အထိရှိနေသည်ဟု ဈေးကွက်အတွင်းမှာ သိရသည်။ LuduNwayOoဩဂုတ် 13, 2022
သတင်း သန်လျင်မြို့ရှိ ဆက်သွယ်ရေးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် "ထိခိုက်မှုကတော့ ရှိမယ်။လက်ပစ်ဗုံး ပစ်သွင်းတာလည်းအောင်မြင်တယ်။ အထဲမှာပဲ ပေါက်ကွဲသံလည်းကြားခဲ့ရတယ်" ဟု ၎င်းက ပြောသည်။ LuduNwayOoဩဂုတ် 13, 2022