Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်တွင် မော်တာချိန်းကြိုးပြတ်၍ ကန်အတွင်းသို့ဆင်းယူရာမှ အောက်ဆီဂျင်ပြတ်၍ သုံးဦးသေဆုံး

အခင်းဖြစ်သည့်နေရာသို့ မြိတ်မြို့နယ်မီးသတ်နှင့်အတူ ရပ်ကွက် အရန်မီးသတ်များ နှင့် လူမှုကူညီရေး အဖွဲ့များက သွားရောက်ကူညီပေးခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

တနင်္သာရီတိုင်း မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် မော်တာချိန်းကြိုးပြတ်၍ ကန်အတွင်းသို့ ဆင်းယူရာမှ အောက်ဆီဂျင်ပြတ်၍ လုပ်သားသုံးဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ – MFSD

နိုဝင်ဘာ ၁၃ ရက် ည ၈နာရီခန့်တွင် ငါးကြိတ်ကန်အတွင်း မော်တာချိန်းကြိုးပြတ်၍ ဆင်းဆယ်ရာ အောက်ဆီဂျင်ပြတ်၍ ကန်အတွင်းသို့ အမျိုးသား ခြောက်ဦး ပြုတ်ကျခဲ့ကြောင်း သတင်းရရှိ၍ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း မီးသတ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အခင်းဖြစ်သည့်နေရာသို့ မြိတ်မြို့နယ်မီးသတ်နှင့်အတူ ရပ်ကွက် အရန်မီးသတ်များ နှင့် လူမှုကူညီရေး အဖွဲ့များက သွားရောက်ကူညီပေးခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ – MFSD

“ပြုတ်ကျသွားသော ကျား(၆)ဦးအနက် ကျား(၃)ဦး အသက်ရှင်လျက် ကယ်ဆယ်ရရှိပြီးကျား(၃)ဦး (သေဆုံး) တို့အား လူမှုရေးအသင်းအဖွဲ့များမှ သူနာတင်ယာဉ်များဖြင့် မြိတ်ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။” ဟု မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။