Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု

ပိုင်ဖြိုးသုက အာဏာသိမ်းသည့် အချိန်ကတည်းက ပြည်သူလူထုနှင့်အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ၎င်းကိုယ်တိုင်ဖန်တီးထားသည့်ပစ္စည်းများဖြင့် လိုအပ်သည့်နေရာများကိုလှူဒါန်းနိုင်ရန် ရန်ပုံငွေရှာ‌ဖွေပေးခဲ့သည်။

ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု
ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု

ချင်းပြည်နယ်မှ ဆေးခန်းတစ်ခုအတွက် ဆေးနှင့်စက်ပစ္စည်းများဝယ်ယူနိုင်ရန် Crochet အထည်များကို မဲလက်မှတ်ရောင်း၍ ရန်ပုံငွေရှာမည်ဟု ပိုင်ဖြိုးသုက အသိပေးထားသည်။

” လက်မှတ်ဈေးနှုန်းက ၁၀ USD ကိုနိုင်ငံအလိုက် exchange rate အတိုင်းရောင်းပါတယ်” ဟု ပိုင်ဖြိုးသုကပြောသည်။

ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု
ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု

“Crochet ‌အထည်လေးတွေနဲ့ fundraising campaign လေးလာပါပြီရှင်.။ဒီတစ်ခေါက် campaign လေးရဲ့ရည်ရွယ်ချက်က‌တော့ တောင်ဇလပ်မြေမှဆေးခန်းလေးတစ်ခုကိုupgradeလုပ်ဖို့ပဲဖြစ်ပါတယ်။လိုအပ်တဲ့ဆေးနဲ့စက်ပစ္စည်းလေးတွေကိုဝယ်ယူပြီး သုသုတို့ရဲ့ချင်းပြည်နယ်မှစစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ မြေပြင်ကတိုက်ပွဲဝင်CDFသူရဲ‌ကောင်းတွေအတွက် အဆင့်အတန်းမီတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ပဲဖြစ်ပါတယ်” ဟု ၎င်းကရေးသားထားသည်။

ယခုအကြိမ်တွင် ပိုင်ဖြိုးသုကိုယ်တိုင် ဖန်တီးထားသည့် အိတ် နှစ်အိတ် နှင့် ဦးထုတ်၊ အင်္ကျီတစ်စုံ ပါဝင်မည်ဖြစ်ပြီး လိုအပ်သည့် ပမာဏရရှိသည်အထိ မဲလက်မှတ်များကိုရောင်းမည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု
ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု

” နိုင်ငံတကာမှသွေးချင်းများဝိုင်းဝန်းကူညီလှူဒါန်းပေးကြဖို့အတွက်တောင်းဆိုပါရ‌စေ” ဟု ပိုင်ဖြိုးသုက တောင်းဆိုထားသည်။

လက်ရှိတွင် အမေရိကန် ၊ ဩစတေးလျ၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် နော်ဝေ နိုင်ငံများမှဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းမှ အားပေးလိုသူများအတွက် လာမည့်ရက်ပိုင်းအတွင်း ဝယ်ယူနိုင်ရန်စီစဉ်နေကြောင်း ၎င်းကဆိုသည်။

ပိုင်ဖြိုးသုက အာဏာသိမ်းသည့် အချိန်ကတည်းက ပြည်သူလူထုနှင့်အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ၎င်းကိုယ်တိုင်ဖန်တီးထားသည့်ပစ္စည်းများဖြင့် လိုအပ်သည့်နေရာများကိုလှူဒါန်းနိုင်ရန် ရန်ပုံငွေရှာ‌ဖွေပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

အဆိုပါဆေးခန်းသည် ဆေးရုံအဆင့်ရှိပြီး ဝန်ဆောင်ခသင့်တင့်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ကြောင့် နယ်များကပါ လာရောက်ဆေးကုသသူများရှိကြောင်း မြို့ခံအချို့က ပြောသည်။

သတင်း

ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်ရဲချုပ်မှ ရဲတပ်သားအထိ အဆင့် ၁၃ ဆင့်ပါဝင်ပြီးရာထူးအဆင့် ၁၁ ဖြင့် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်သည်။