Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု

ပိုင်ဖြိုးသုက အာဏာသိမ်းသည့် အချိန်ကတည်းက ပြည်သူလူထုနှင့်အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ၎င်းကိုယ်တိုင်ဖန်တီးထားသည့်ပစ္စည်းများဖြင့် လိုအပ်သည့်နေရာများကိုလှူဒါန်းနိုင်ရန် ရန်ပုံငွေရှာ‌ဖွေပေးခဲ့သည်။

ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု
ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု

ချင်းပြည်နယ်မှ ဆေးခန်းတစ်ခုအတွက် ဆေးနှင့်စက်ပစ္စည်းများဝယ်ယူနိုင်ရန် Crochet အထည်များကို မဲလက်မှတ်ရောင်း၍ ရန်ပုံငွေရှာမည်ဟု ပိုင်ဖြိုးသုက အသိပေးထားသည်။

” လက်မှတ်ဈေးနှုန်းက ၁၀ USD ကိုနိုင်ငံအလိုက် exchange rate အတိုင်းရောင်းပါတယ်” ဟု ပိုင်ဖြိုးသုကပြောသည်။

ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု
ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု

“Crochet ‌အထည်လေးတွေနဲ့ fundraising campaign လေးလာပါပြီရှင်.။ဒီတစ်ခေါက် campaign လေးရဲ့ရည်ရွယ်ချက်က‌တော့ တောင်ဇလပ်မြေမှဆေးခန်းလေးတစ်ခုကိုupgradeလုပ်ဖို့ပဲဖြစ်ပါတယ်။လိုအပ်တဲ့ဆေးနဲ့စက်ပစ္စည်းလေးတွေကိုဝယ်ယူပြီး သုသုတို့ရဲ့ချင်းပြည်နယ်မှစစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ မြေပြင်ကတိုက်ပွဲဝင်CDFသူရဲ‌ကောင်းတွေအတွက် အဆင့်အတန်းမီတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ပဲဖြစ်ပါတယ်” ဟု ၎င်းကရေးသားထားသည်။

ယခုအကြိမ်တွင် ပိုင်ဖြိုးသုကိုယ်တိုင် ဖန်တီးထားသည့် အိတ် နှစ်အိတ် နှင့် ဦးထုတ်၊ အင်္ကျီတစ်စုံ ပါဝင်မည်ဖြစ်ပြီး လိုအပ်သည့် ပမာဏရရှိသည်အထိ မဲလက်မှတ်များကိုရောင်းမည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု
ချင်းပြည်နယ်က ဆေးခန်းတစ်ခုအတွက် Crochet ထည်လေးများရောင်းချမည့် ပိုင်ဖြိုးသု

” နိုင်ငံတကာမှသွေးချင်းများဝိုင်းဝန်းကူညီလှူဒါန်းပေးကြဖို့အတွက်တောင်းဆိုပါရ‌စေ” ဟု ပိုင်ဖြိုးသုက တောင်းဆိုထားသည်။

လက်ရှိတွင် အမေရိကန် ၊ ဩစတေးလျ၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် နော်ဝေ နိုင်ငံများမှဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းမှ အားပေးလိုသူများအတွက် လာမည့်ရက်ပိုင်းအတွင်း ဝယ်ယူနိုင်ရန်စီစဉ်နေကြောင်း ၎င်းကဆိုသည်။

ပိုင်ဖြိုးသုက အာဏာသိမ်းသည့် အချိန်ကတည်းက ပြည်သူလူထုနှင့်အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ၎င်းကိုယ်တိုင်ဖန်တီးထားသည့်ပစ္စည်းများဖြင့် လိုအပ်သည့်နေရာများကိုလှူဒါန်းနိုင်ရန် ရန်ပုံငွေရှာ‌ဖွေပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

Facebook