Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်) နံနက် ၉နာရီခန့်ကလွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - KNDF-B 02
စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - KNDF-B 02

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း -၂ က ထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်) နံနက် ၉နာရီခန့်ကလွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - KNDF-B 02
စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ – KNDF-B 02

နိုဝင်ဘာ ၉ရက်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ရသည်။

ထို့အပြင် ယခုလအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားပြည်သူ ၁၄ဦးအထိ ရှိနေသည်။

Public Service Announcement

Public Service Announcement

မြေပြင်တိုက်ပွဲများ၌ အထိနာလျှက်ရှိသော စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့် အဝေးပစ်အမြောက်များအသုံးပြုကာ လူနေ ကျေးရွာရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

ပြည်သူလူထုအား အကြောက်တရားသွင်းကာ ထိန်းချုပ်ရန်ကြိုးစားနေခြင်းဟု KNDFက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။