Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်) နံနက် ၉နာရီခန့်ကလွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - KNDF-B 02
စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - KNDF-B 02

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း -၂ က ထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်) နံနက် ၉နာရီခန့်ကလွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - KNDF-B 02
စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ – KNDF-B 02

နိုဝင်ဘာ ၉ရက်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ရသည်။

ထို့အပြင် ယခုလအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားပြည်သူ ၁၄ဦးအထိ ရှိနေသည်။

Public Service Announcement

Public Service Announcement

မြေပြင်တိုက်ပွဲများ၌ အထိနာလျှက်ရှိသော စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့် အဝေးပစ်အမြောက်များအသုံးပြုကာ လူနေ ကျေးရွာရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

ပြည်သူလူထုအား အကြောက်တရားသွင်းကာ ထိန်းချုပ်ရန်ကြိုးစားနေခြင်းဟု KNDFက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။