Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ထိုးစစ်အပေါ် ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းတပ် တုံ့ပြန်တိုက်ခိုက်

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီများ အရေးနိမ့်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း အသိပေးသည်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️စစ်ကောင်စီတပ်များ ပြန်လည်ထွက်ပြေးသွားဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြဝတီဝေါ်လေလမ်းမပေါ်ရှိ ဒေသအခေါ် လူခို့ ညောင်ချောင်းနယ်‌မြေအား စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံတပ်က ထိုးစစ်ဆင်လာ၍ ယမန်နေ့(နိုဝင်ဘာ ၁၃ရက်) တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၁) ၏ တိုက်ခိုက်ရေး တပ်ရင်းခလရ(၂၀၇)၊ ခမရ (၁၀၂)မှ နံနက်အစောပိုင်း ၃နာရီမှစ၍ လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်လာရာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ကို KNLA တပ်ရင်း(၂၇)၊ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီများ အရေးနိမ့်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပူးပေါင်းစစ် ကြောင်းမှ နယ်မြေရှင်းလင်းရာတွင် အကြမ်းဖက်စစ်ကောင်စီ ထွက်ပြေးသွားသောနေရာမှ (၄၀)မမ နှစ်လုံး၊ စကားပြောစက် တစ်လုံး၊ ဂေါ်ပြားတစ်လက် တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အဆိုပါ မြ၀တီ – ဝေါ်လေလမ်း၌ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။