Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် နှမ်းဆီကန်ရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၍ နေအိမ်၁၂လုံးပျက်စီး

နိုဝင်ဘာ၁၂ ရက် နံနက်ပိုင်းက သရက်ကန်ရွာ ပျူစောထီးစခန်းမှ မြေပဲဖော်ထွက်လာသော ပျူစောထီးများကို ဒေသခံကာကွယ်ရေးအဖွဲ့များက အလစ်အငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူခြောက်ဦး သေဆုံးခဲ့သည်။

မီးရှို့ဖျက်ဆီးခံရသော နှမ်းဆီကန်ကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-We Love Myaing
မီးရှို့ဖျက်ဆီးခံရသော နှမ်းဆီကန်ကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းရှိ နှမ်းဆီကန် ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ၍ နေအိမ် ၁၂လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ၁၂ ရက် နံနက်ပိုင်းက သရက်ကန်ရွာ ပျူစောထီးစခန်းမှ မြေပဲဖော်ထွက်လာသော ပျူစောထီးများကို ဒေသခံကာကွယ်ရေးအဖွဲ့များက အလစ်အငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူခြောက်ဦး သေဆုံးခဲ့သည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ တွင်းမရွာနှင့် သရက်ကန်ကျေးရွာတို့မှ ပျူများ၊ စစ်ကောင်စီတပ် အင်အား ၆၀ခန့်ဖြင့် အနီးရှိ နှမ်းဆီကန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတစ်ဦးကို ဖမ်းပြီး သူတို့မီးရှို့ချင်တဲ့သူတွေရဲ့ အိမ်တွေကို နာမည်စာရင်းနဲ့ လိုက်ပြခိုင်းတာလို့ သိရပါတယ်။”ဟု We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များက သေနတ်ဖြင့် ကျေးရွာအတွင်း အချက် ၁၀၀ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

နှမ်းဆီကန်ရွာသည် သြဂုတ်အတွင်းကလည်း စစ်ကောင်စီတပ်၏ မီးရှိ့ဖျက်ဆီးမှုခံခဲ့ရပြီး နေအိမ်ခုနစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။