Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ

စစ်တပ်အာဏာသိမ်းပြီး ၈ လအကြာမှာ မတရားဖမ်းဆီးခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ဟာ အင်းစိန်ထောင်မှာ ကျန်းမာရေးအလွန်ဆိုးရွားနေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဒီနေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။

အဲဒီနောက် အကြမ်းဖက်ပုဒ်မ ၅၂ (က) နဲ့ ထပ်မံ တရားစွဲခံရပြီး ဒီနှစ်ဧပြီလမှာ အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်ဆီ ပြောင်းရွှေ့ခံလိုက်ရပါတယ်။

ဒီလိုထောင်ပြောင်းပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်မှာပဲ သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ကို ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ထံ စစ်ကောင်စီက ပြန်ပြောင်းရွှေ့လာပါတယ်။

Public Service Announcement

Public Service Announcement

အင်းစိန်ထောင်ကိုပြန်ရောက်လာပြီး ၂၂ နာရီအတွင်း သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ဟာ သတိလစ်သွာပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အသိပေးပါတယ်။

မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရချိန်က စစ်ကြောရေးမှာ အကြမ်းဖက် နှိပ်စက်မှုတွေကြောင့်ဦးနှောက်အကျိတ်တည်တယ်လို့ ယူဆရတဲ့ဒဏ်ရာ နဲ့လေဖြန်းသွားပြီး ထောင် ဆေးရုံမှာကုသခဲ့ရပါသေးတယ်။

မဝတ်ရည်အောင်ရဲ့ကျန်းမာရေးအခြေအနေအရ မိသားစုက ကျန်းမာရေးစစ်ဆေးပြီး ဆေးကုသခွင့်လျှောက်ထားခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။

မဝတ်ရည်အောင်အပြင် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးမှာ သတ်ဖြတ်ခံရတဲ့အပြင် အကျဉ်းထောင်တွေ မှာမတရားဖိနှိပ်မှုတွေကို ကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

သတင်း

ဒဏ်ရာရရှိသူများအား ပတ္တမြားလူငယ် ပရဟိတအသင်းနှင့် ပုလဲ အရန်မီးသတ်တပ်ဖွဲ့ လူနာတင်ယာဉ်များက မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

သတင်း

မဝတ်ရည်အောင်သည် ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရသည့်အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ရှိလာပြီဖြစ်သည်။

သတင်း

အဲဒီပွဲကိုတက်ရောက်ရတဲ့ ကျောင်းသား ၊ကျောင်းသူ တွေ မူးမေ့လဲကျတာ ၊ သတိလစ်တာတွေ ဖြစ်ခဲ့တယ်လို့ တောင်ကြီးမြို့ ကြက်ခြေနီက ဓာတ်ပုံတွေနဲ့ ဖော်ပြပါတယ်။