Connect with us

Hi, what are you looking for?

သတင်း

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသူ အင်းစိန်ထောင်မှာကျန်းမာရေးဆိုးရွားနေ

စစ်တပ်အာဏာသိမ်းပြီး ၈ လအကြာမှာ မတရားဖမ်းဆီးခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ဟာ အင်းစိန်ထောင်မှာ ကျန်းမာရေးအလွန်ဆိုးရွားနေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဒီနေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။

အဲဒီနောက် အကြမ်းဖက်ပုဒ်မ ၅၂ (က) နဲ့ ထပ်မံ တရားစွဲခံရပြီး ဒီနှစ်ဧပြီလမှာ အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်ဆီ ပြောင်းရွှေ့ခံလိုက်ရပါတယ်။

ဒီလိုထောင်ပြောင်းပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်မှာပဲ သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ကို ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ထံ စစ်ကောင်စီက ပြန်ပြောင်းရွှေ့လာပါတယ်။

Public Service Announcement

Public Service Announcement

အင်းစိန်ထောင်ကိုပြန်ရောက်လာပြီး ၂၂ နာရီအတွင်း သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ဟာ သတိလစ်သွာပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အသိပေးပါတယ်။

မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရချိန်က စစ်ကြောရေးမှာ အကြမ်းဖက် နှိပ်စက်မှုတွေကြောင့်ဦးနှောက်အကျိတ်တည်တယ်လို့ ယူဆရတဲ့ဒဏ်ရာ နဲ့လေဖြန်းသွားပြီး ထောင် ဆေးရုံမှာကုသခဲ့ရပါသေးတယ်။

မဝတ်ရည်အောင်ရဲ့ကျန်းမာရေးအခြေအနေအရ မိသားစုက ကျန်းမာရေးစစ်ဆေးပြီး ဆေးကုသခွင့်လျှောက်ထားခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။

မဝတ်ရည်အောင်အပြင် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးမှာ သတ်ဖြတ်ခံရတဲ့အပြင် အကျဉ်းထောင်တွေ မှာမတရားဖိနှိပ်မှုတွေကို ကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။