Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုအကျဥ်းထောင်မှထွက်လာသည့် စစ်အုပ်စု ၏ယာဉ်အား ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာ ၁၁ရက် ညနေ ၃ နာရီခွဲခန့်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုအကျဉ်းဦးစီးဌာနမှ ထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသော ကားနံပါတ် CC/6563 ဘင်ကားအား သတင်းကြိုရ၍ မိုင်းခွဲတိုက်ခိုက်ရန် PDFအဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းခဲ့သည်။

(ရွှေဘို-ကျောက်မြောင်းလမ်းနှင့် မြစ်ကြီးနားလမ်းဆုံအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
(ရွှေဘို-ကျောက်မြောင်းလမ်းနှင့် မြစ်ကြီးနားလမ်းဆုံအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုအကျဥ်းထောင်မှ ထွက်လာသော စစ်အုပ်စုနှင့်ရဲများလိုက်ပါလာသည့် ဘင်ကားအား PDFများ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ ရဲနှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၁၁ရက် ညနေ ၃ နာရီခွဲခန့်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုအကျဉ်းဦးစီးဌာနမှ ထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသော ကားနံပါတ် CC/6563 ဘင်ကားအား သတင်းကြိုရ၍ မိုင်းခွဲတိုက်ခိုက်ရန် PDFအဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းခဲ့သည်။

သို့သော် မိုင်းကွင်းအတွင်းသို့ ပြည်သူများ​၏ နွားလှည်းများရောက်ရှိလာခဲ့သဖြင့် မိုင်းဆွဲလိုက်နိုင်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့်သာ ကျည် (၅၃)တောင့် အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး သေဆုံးမှုရှိမရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကားကရွှေဘိုကနေ ကျောက်မြောင်းဘက်ကိုသွားတာပါ။ ကားကတော့ တအားမပျက်စီးဘူးဗျ။ ​ွေးတွေ ဆေးကုနေပါတယ်။ မိုင်းကွင်းနားမှာ ပြည်သူလှည်းရှိနေလို့ မိုင်းမဆွဲလိုက်ရဘူးဗျ။ ပစ်ပဲပစ်လိုက်ရတယ်။”ဟု နေလစင်္ကြာ_Shwebo PDFအဖွဲ့တာဝန်ခံက ပြောသည်။

ဖြစ်စဥ်နှင့် စစ်အုပ်စု ထိခိုက်မှုအခြေအနေများအား ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား အမှတ်(၅) တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်စု (၁)၊တပ်စိတ်(၂)နှင့် နေလစင်္ကြာ_Shwebo PDFအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

ရွှေဘို – ကျောက်မြောင်းလမ်းသည် မန္တလေးတိုင်းသို့ ကူးသန်းရာလမ်းတစ်လမ်းဖြစ်ပြီး အဆိုပါလမ်းပေါ်တွင်လည်း စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏ ​မိုင်းဆွဲတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။