Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတမြို့တွင် ယနေ့ည ပစ်ခတ်မှုဖြစ်

ယခုအပစ်ခံရသည်ဆိုသော စစ်ကောင်စီဂိတ်သည် ပြည်မြို့ဘက်သို့ ထွက်သည့်လမ်းပိုင်းမှ မြို့အဝင်၊ အထွက်ဂိတ်ဖြစ်သည်။

(ဟင်္သာတမြို့ တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ဟင်္သာတမြို့ တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် ယနေ့ည သေနတ်သံ ရှစ်ချက်ထက်မနည်းထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်စွဲထားသည့် မြို့အဝင်၊အထွက်ဂိတ် ပစ်ခတ်ခံရခြင်းဟု ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၃ရက်)ည ၉နာရီခန့်တွင် သေနတ်သံရှစ်ချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ လယ်တီကွင်းရပ်ကွက်ဘက်က မြို့အဝင်အထွက်ဂိတ်ကို ဝင်ပစ်တယ်​လို့ ကြားရတယ်။ ညဘက် အပြင်မထွက်ကြတော့ အသေးစိတ်မသိရသေးဘူး” ဟု အဆိုပါမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဟင်္သာတမြို့သည် ရန်ကုန်၊ ပုသိမ်နှင့် ပြည်မြို့ဘက် သို့ထွက်သည့် လမ်းပိုင်းသုံးခုရှိသည်။ မြို့အဝင်၊ အထွက်နေရာများတွင် စစ်ကောင်စီက တပ်စွဲထားပြီး စစ်ဆေးမှုများ၊ လမ်းသွားလမ်းလာများထံမှငွေတောင်းမှုများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ယခုအပစ်ခံရသည်ဆိုသော စစ်ကောင်စီဂိတ်သည် ပြည်မြို့ဘက်သို့ ထွက်သည့်လမ်းပိုင်းမှ မြို့အဝင်၊ အထွက်ဂိတ်ဖြစ်သည်။

ဟင်္သာတမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာအတွင်းကလည်း မြို့ပေါ် တွင် အုပ်စုဖွဲ့ကာ ဆိုင်ကယ်ဖမ်းဆီးပြီး ငွေတောင်းရမ်းနေသည့် စစ်ကောင်စီအဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရသေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်ပြီး မီးပါတင်ရှို့ခဲ့တဲ့ ဖြစ်စဉ်အတွင်း လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ထဲမှာ ပစ်ခတ်မှု ဖြစ်ပွားရာက ရဲအရာရှိ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့မှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။