Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတပ်ချုပ်၏ညီ၊ IGE ဦး​​​နေအောင် စစ်​ကောင်စီအတွက်လက်နက်ဝယ်ရန်ရုရှားသို့သွားမည်

ဦး​နေ​အောင်၏UAB ဘဏ်သည်စစ်​ကောင်စီအလိုကျ ပြည်သူများကို​ပျော်ပွဲရွှင် ပွဲများဖြင့် ​အာရုံပြောင်းနိုင်​စေရန်ပြီးခဲ့သည့်​အောက်တိုဘာလ ၃၁ ရက်က ရန်ကုန် ရှိ Time City တွင် Halloween Night ​ဈေး​ရောင်းပွဲကိုပြုလုပ်ခဲ့​သေးသည်။

IGE နှင့် UAB ဘဏ်ပိုင်ရှင် ဦး​နေ​အောင်
IGE နှင့် UAB ဘဏ်ပိုင်ရှင် ဦး​နေ​အောင်

မြန်မာ​ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုး​အောင် ၏ ညီလည်းဖြစ် ၊ IGE ကုမ္ပဏီများအုပ်စု ပိုင်ရှင်ဖြစ်​သော ဦး​နေ​အောင် သည် ရုရှားနိုင်ငံသို့ ​ စစ်​ကောင်စီအတွက် လက်နက်ဝယ်ယူရန်သွား​ရောက်မည်ဖြစ်​ကြောင်းစစ်​ကောင်စီသတင်းရင်းမြစ်အချို့က ​ပြောသည်။

IGE ကုမ္ပဏီအုပ်စုမှ ဦး​နေ​အောင်အပါအဝင် ၅ ဦးနှင့် စင်ကာပူနိုင်ငံမှ ၎င်း၏ မိတ်​ဆွေတစ်ဦးစုစု​ပေါင်း ၆ ဦးသည် ​ရှေ့အပါတ်တွင် ရုရှားနိုင်ငံသို့ သွား​ရောက်ရန် ဗီဇာ​လျှောက်ထားပြီးဖြစ်​ကြောင်း ​နေပြည်​တော်မှ သတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

“ဦးနေအောင် နဲ့ သူ့အဖွဲ့တွေနောက်အပတ်ထဲရုရှား ထွက်ဖို့ရှိပါတယ်။ လက်နက် နဲ့ နျူကလီးယား တွေသွားကြည့်ပြီး အရောင်းအဝယ်ကိစ္စလုပ်ဖို့ပါ”ဟု စစ်​ကောင်စီမှ သတင်း​ပေးတစ်ဦးက People’s Spring သို့​ပြောသည်။

ဦးနေအောင်အကို ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်
ဦးနေအောင်အကို ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်

စစ်အစိုးရလက်ထက် ဦးသန်း​ရွှေ၏ လူယုံတစ်ဦးလည်းဖြစ် ၊သက်တမ်းရှည် စက်မှူဝန်ကြီး ဦး​အောင်​သောင်း၏ သားဦး​နေ​အောင်သည် စစ်​ကောင်စီအတွက် လက်နက်ဝယ်​ပေးရန်အတွက် ရုရှားသွားရန် စီစဥ်​နေပြီမှာ.ကြာပြီဖြစ်ပြီး ယခုမှ အထ​မြောက်ခြင်းဖြစ်ကာ ရုရှားသို့သွားရန် ဗီဇာရပြီဖြစ်​ကြောင်း အထက်ပါ ရင်းမြစ်များက​ပြောသည်။

အဆိုပါခရီးစဥ်တွင် လက်နက်ဝယ်ယူရန် အပြင် နျူကလီယား ကိစ္စပါဝင် သည်ဟုသိရ​သော်လည်း နျူကလီယားမှာ လက်နက်အတွက်လား ၊ စွမ်းအင် ထုတ်လုပ်ရန်လားဆိုသည်ကိုမူ People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ။ သို့​သော် ခရီးစဥ်တွင် စစ်​ကောင်စီအတွက် လက်နက်ဝယ်ယူရန် အစီအစဥ်ပါဝင်​သည်မှာ ​သေချာ​ကြောင်း ​စစ်​ကောင်စီမှ သတင်းရင်ူမြစ်အချို့ကအတည်ပြုသည်။

စက်တင်ဘာလက အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်း​အောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်းနျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် ရုရှား၏ နိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom နှင့် စစ်ကောင်စီတို့ သ​ဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထို​ကြောင့် ​ဦး​နေ​အောင် ၏ ခရီးစဥ်အတွင်း နျူးကလီးယား ကိစ္စမှာ အဆိုပါ​နောက်ဆက်တွဲလည်းဖြစ်နိုင်​ကြောင်း ​လေ့လာသူအချို့ က​ပြောသည်။

Public Service Announcement

Public Service Announcement

ရုရှားနှင့်သ​ဘောတူထား​သောစစ်ကောင်စီ၏အဆိုပါနျူကလီးယားစီမံကိန်းကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများအနေဖြင့်သတိထားစောင့်ကြည့်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေညီလာခံမှတဆင့် တောင်းဆိုထားသည်။

“သူ့အစ်ကို မိုးအောင်ကရေတပ်ချုပ်ဖြစ်နေတာနဲ့တင် ရုရှားကိစ္စက သံသယဖြစ်စရာ မရှိဘူး” ဟု ဦး​နေ​အောင်၏ ရုရှားသို့ စစ်​ကောင်စီအတွက် လက်နက်သွားဝယ်မည့်ခရီးစဥ်အ​ပေါ် IGE ကို​စောင့်ကြည့်​လေ့လာ​နေသူတစ်ဦးက မှတ်ချက်ပြုသည်။စစ်​ကောင်စီရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဦး​နေ​အောင်၏ အကိုဖြစ်သည်။

ဦး​နေ​​အောင်IGEကုမ္ပဏီသည်မင်း​အောင်လှိုင်၏စစ်​ကောင်စီလက်ထက်တွင် လုပ်ပိုင်ခွင့်များပိုမိုရရှိလာပြီး ၊စစ်ကောင်စီထံမှ ပ​ရောဂျက်များရရန် ဦး​နေ​အောင်ကိုပင် ကပ်မှ အခြားလုပ်ငန်းရှင်အချို့က ပ​ရောဂျက်ရ​သည့်အ​ခြေအ​နေပင်ဖြစ်လာ​ကြောင်းလည်း လုပ်ငန်းရှင်အချို့က​ပြောသည်။

“သန်းရွှေလက်ထက်မှာဦးတေဇကခရိုနီခေါင်ချုပ်ဆိုရင် မင်း​အောင်လှိုင်လက်ထက်မှာ ခရိုနီ​ခေါင်ချုပ်က နေအောင်လို့ ပြောလို့ရတယ်”ဟု.ရန်ကုန်မြို့ မှ လုပ်ငန်းရှင်တစ်ဦးကလည်း​ပြောသည်။

“ရုရှားကလာတဲ့ လုပ်ငန်းတွေ ပြည်တွင်းထဲ ဝင်လာတဲ့အခါမှာ နေအောင်က coordinate & facilitate လုပ်ပေးတယ်ပြောတယ်”ဟု အထက်ပါလုပ်ငန်းရှင်ကဆက်​ပြောသည်။

ထိုအပြင် Ooredoo ကုမ္ပဏီကို ​ဂျော်နသန်​​ကျော်​သောင်းဦး​ဆောင်​ခရိုနီများက လက်လွှဲဝယ်ယူရာတွင် ပြည်တွင်း၌ဝန်​ဆောင်မှုကို ဦး​နေ​အောင်၏ ANADA ကုမ္ပဏီကလုပ်ပိုင်ခွင့်ရထားသည်။ထို​ကြောင့် ဦး​နေ​အောင်သည် Ooredoo ၏ အစုရှယ်ယာပိုင်ဆိုင်ခွင့်နှင့် ဝန်​ဆောင်မှု​ပေးခွင့်ကို မကြာ​သေးမီက ရရှိထားသည်။ People’s Spring ကအထူးစုံစမ်း​ဖော်ထုတ်​ရေးသားထား​သော” အော်ရီဒူးမြန်မာအရောင်းအဝယ်ကို အဓိကကြိုးကိုင်ခဲ့သူ” https://www.ludunwayoo.com/feature-mm/2022/10/23/57352/ ​ဆောင်းပါးတွင် အ​သေးစိပ်ဖတ်ရှုနိုင်ပါသည်။

အာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင်၏မိသားစု၏ ယုံကြည်မှုနှင့် ရင်းနှီးမှုရရှိထားသဖြင့် ဦး​နေ​အောင်သည် ယခုကဲသို့ စစ်​ကောင်စီကို စိတ်​ရော၊ကိုယ်ပါ ကူညီလုပ်ကိုင်​ပေး​နေခြင်းဖြစ်ပြီး ၊၎င်း၏နောက်ကွယ်တွင်မင်းအောင်လှိုင်

မိသားစုနှင့်အကျိုးစီးပွားဆက်စပ်မှုများရှိနိုင်​ကြောင်း ​စစ်​ကောင်စီလက်ထက်ခရိုနီများကို​စောင့်ကြည့်​လေ့လာ​နေသူတစ်ဦးက​ပြောသည်။

ဦး​နေ​အောင်သည်လုပ်ငန်းအစုံလုပ်​သောIGE ကုမ္ပဏီအုပ်စုအပြင် UAB ဘဏ် ၊ Anandaဝိုင်ဖိုင်လုပ်ငန်း စ​သောလုပ်ငန်း မျိုးစုံကိုပိုင်ဆိုင်သည်။

စစ်​ကောင်စီနှင့် ရင်းနှီး​သောဆက်ဆံ​ရေးရှိ​သော်လည်း ထိုအ​ခြေအ​နေကို မီဒီယာနှင့် ပြည်သူများကသိရှိမည်စိုး၍ ​နေပြည်​တော်တွင် မင်း​အောင်လှိုင် ဖိတ်ကြား​သော အခမ်းအနားများဆိုလျှင် မလာဘဲ ​နေတက်​ကြောင်းလည်းသိ့ရသည်။

ဦး​နေ​အောင်၏UAB ဘဏ်သည်စစ်​ကောင်စီအလိုကျ ပြည်သူများကို​ပျော်ပွဲရွှင် ပွဲများဖြင့် ​အာရုံပြောင်းနိုင်​စေရန်ပြီးခဲ့သည့်​အောက်တိုဘာလ ၃၁ ရက်က ရန်ကုန် ရှိ Time City တွင် Halloween Night ​ဈေး​ရောင်းပွဲကိုပြုလုပ်ခဲ့​သေးသည်။