သတင်း မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဗျူဟာမှူးအပါအဝင် နှစ်ဦးသေဟုဆို စစ်ကောင်စီတပ်နှင့် ပျူများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် CLDFက ရဲဘော်တစ်ဦးနှင့် တော်လှန်ရေးညီနောင် အင်အားစုဖြစ်သည့် မြောင်မြို့နယ် တော်လှန်ရေးတပ် - Myaung Revolution Army က ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CLDFက အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း အရပ်သားပစ်မှတ်ကို ဦးတည်ပြီးတိုက်ခိုက်သည့်စစ်ကောင်စီ၏လုပ်ရပ် ပိုမိုဆိုးဝါးလာဟု KNU ပြော Kaung For You ကျောင်း နှင့် ဆက်စပ်နေသူများအပါအဝင် CDM ဆရာ၊ ဆရာမများအား ပစ်မှတ်ထား ဖမ်းဆီးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ဇူလိုင်၂၀ရက်မတိုင်ခင် နှုတ်ထွက်ရန် တိုင်း(ပကဖ)ညွှန်ကြားထား ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက် ယန္တရားတွင်ကိုယ်တိုင် ကာယကံမြောက် ပါဝင်ပါက ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း နာမည်ကျော် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များပါဝင်သရုပ်ဆောင်ထားသည့် လေဆန် ဇာတ်ကား We Click YouTube Channelတွင် တင်ထား ယင်းဗီဒီယိုကို ဇူလိုင် ၁၇ရက် နံနက်တွင်တင်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ညနေမှသာတင်နိုင်ခဲ့ကြောင်း Click to Donate ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း ဒီးမော့ဆိုနယ် အူးခူးရီရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ အနည်းဆုံးနှစ်ဦးသေဟုဆို အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၁၅ဦး ဟားခါးဆေးရုံရောက်နေ တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ဖလမ်း - ဟားခါးအကြားရှိ တာလ်ကျေးရွာနှင့် ချွန်ကျုံးကျေးရွာ တို့မှ နေအိမ် ၃၅လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း မုံရွာမြို့တွင် ယနေ့ည ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပစ်၍ တစ်ဦးသေဆုံး " ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ"ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း ရွှေဘိုခရိုင်အခြေစိုက် Tiger King ပြောက်ကျားတပ်ဖွဲ့ တိုက်ပွဲဝင်လက်နက်ကြီးများတိုးမြှင့် ထုတ်လုပ် သေနတ်အစစ်မရှိသေးသည့်အတွက်ကြောင့် လက်နက် ကြီးများကိုသာ အားထားတိုက်ပွဲဝင်နေရကြောင်း၊ ပွဲတိုင်းကျော် လက်နက်ကြီးများကို ယခင်ထက် ပိုမိုထုတ် လုပ်လျက်ရှိကြောင်း Tiger King ပြောက်ကျားတပ်ဖွဲ့ကအသိပေးသည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း ရွှေပြည်သာမြို့နယ်မှ ရာအိမ်မှူး၊ သွေးသောက်အဖွဲ့ခေါင်ဆောင်းကို ပစ်ခတ်ရှင်းလင်း ဇူလိုင် ၁၅ ရက်ကလည်း ရွှေပြည်သာမြို့နယ် ည/၁၁ ရပ်ကွက် အုပ်ချုပ်ရေးရုံးပေါက်ကွဲမှုကြောင့် စစ်ကောင် စီနှင့်နီးစပ်သူ လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျည်စုရပ်ကွက်ရုံးကို မြို့ပြမဟာမိတ်ညီနောင်အဖွဲ့များ ဖောက်ခွဲတိုက်ခိုက် ဒုတိယစစ်ဆင်ရေးမအောင်မြင်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်းနှင့် YUA ညီနောင်များအနေဖြင့် မြို့ပြ၌ စစ်ကောင်စီကို အရှိန်အဟုန်တိုးမြှင့်၍ တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။ LuduNwayOoဇူလိုင် 17, 2022