Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သိမ်းထားတဲ့မြေတွေ ရောင်းချမယ့် ရက်မတိုင်ခင်မှာတင် ဝယ်ဖို့စာရင်းပေးကြ တဲ့မြေကွက် ၃၀၀ ကျော်ရှိနေ

တပ်ကသိမ်းယူထားတဲ့ မြေနေရာတွေကို အကွက်ရိုက်ကာ အိမ်ရာစီမံကိန်း အဖြစ် NUG အစိုးရက ရောင်းချမှာဖြစ်မယ်လို့ ကြေညာထားတာပါ။

စစ်တပ်သိမ်းထားတဲ့မြေတွေ ရောင်းချမယ့် ရက်မတိုင်ခင်မှာတင် ဝယ်ဖို့စာရင်းပေးကြ တဲ့မြေကွက် ၃၀၀ ကျော်ရှိနေ
စစ်တပ်သိမ်းထားတဲ့မြေတွေ ရောင်းချမယ့် ရက်မတိုင်ခင်မှာတင် ဝယ်ဖို့စာရင်းပေးကြ တဲ့မြေကွက် ၃၀၀ ကျော်ရှိနေ

နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် မန္တလေး က စစ်တပ်သိမ်းယူထားတဲ့ မြေနေရာ ၃ ခုကို အကွက်ရိုက်ပြီး ရောင်းချဖို့စီစဉ်ရာမှာ မြေကွက် ၃၀၀ကျော်ကို ဝယ်ယူဖို့ စာရင်းစတင်ပေးလာကြပြီလို့ The End of Dictatorship ကနေထုတ်ပြန်ပါတယ်။

တပ်ကသိမ်းယူထားတဲ့ မြေနေရာတွေကို အကွက်ရိုက်ကာ အိမ်ရာစီမံကိန်း အဖြစ် NUG အစိုးရက ရောင်းချမှာဖြစ်မယ်လို့ ကြေညာထားတာပါ။

” Spring Mandalay Investment မြေကွက်တွေ စတင် ရောင်းချတော့မယ်၊ ကိုယ်စားလှယ်တွေဆီမှာ စာရင်းပေးလို့ ရပါပြီ ဆိုတာနဲ့ မြေကွက် ၃၀၀ ကျော် ကြိုတင် အမှာစာ တင်ထားကြပြီးပြီ၊ စတင်ရောင်းချမယ့် နောက် ၅ ရက်အတွင်းမှာ အများကြီး ထပ်တိုးလာဦးမှာ သေချာပါတယ်” လို့ မြေကွက်ရောင်းချမယ့်အစီအစဉ်ကြေညာပေးနေတဲ့ The End of Dictatorship ဖေ့ဘွတ်ခ်မှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

နိုင်ငံ့ အနာဂတ်၊ ကိုယ့်မျိုးဆက် ရှေ့ရေးအတွက် ပရ အတ္တညီမျှတဲ့ အခုလို စစ်အာဏာရှင်အမြစ်ဖျက်ရေး ပရောဂျက်မျိုးမှာ ရင်းနှီးမြှုပ်နှံကြတဲ့ မန္တလေးသူ ၊မန္တလေးသား တွေနဲ့ ပြည်သူ အပေါင်းကို ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရောင်းချမယ့်အိမ်ရာစီမံကိန်းတွေကို နွေဦးနှင်းဆီ ၊ နွေဦးတောင်ရိပ်ညို ၊နွေဦးရောင်စဉ် ဆိုပြီး သတ်မှတ်ထားတာတွေ့ရပါတယ်။

နွေဦးနှင်းဆီ အိမ်ရာစီမံကိန်းဟာ မဟာအောင်မြေမြို့နယ် ၊ဒေါ်အောင်ဆန်းစုကြည်လမ်း တောင်ဘက် ခြမ်းက စစ်တပ်သိမ်းယူထားတဲ့မြေနေရာပဲဖြစ်ပါတယ်။

အဲဒီနေရာဟာ မန္တလေးမြို့တွင်းကို ဦးတည်ဝင်လာတဲ့ ၇၈ လမ်းမကြီးရဲ့ ဘေးကပ်လျက်ရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အချက်အချာကျတဲ့နေရာပဲဖြစ်ပါတယ်။

နွေဦးနှင်းဆီ အိမ်ရာစီမံကိန်းမြေနေရာမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင် ဖွင့်လှစ်ခဲ့တဲ့ ရတနာပုံခန်းမ နေရာလည်းပါဝင်တယ်လို့သိရပါတယ်။

နွေဦးတောင်ရိပ်ညို စီမံကိန်းကတော့ အောင်မြေသာဇံမြို့နယ်၊ မန္တလေးတောင် အရှေ့ဘက်မှာဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်ကသိမ်းယူပြီး ခြေမြန်တပ်ရင်းအဖြစ်ပြုလုပ်ထားတဲ့ မန္တလေးတောင်အရှေ့ဘက် တောင်ခြေပတ်လမ်းနဲ့ ၅၉ လမ်းကြားရှိ သာယာပြန့်ပြူးတဲ့ လွင်ပြင်နေရာပဲဖြစ်တယ်လို့သိရပါတယ်။

နွေဦးရောင်စဉ်က စီမံကိန်းတည်ရှိရာနေရာဟာ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးနည်းပညာတက္ကသိုလ် အရှေ့တောင်ဘက်၊ စစ်တပ်မှ သိမ်းယူထားသောမြေနေရာတွေဖြစ်ပြီး ရေတံခွန်တောင် စီမံကိန်းအလွန်၊ရေတံခွန်တောင် ဂေါက်ကွင်းနဲ့ မျက်နှာချင်းဆိုင် မြေနေရာဖြစ်ပါတယ်။

ဒီအိမ်ရာစီမံကိန်းတွေ မှာမြေကွက်တွေကို အမေရိကန်ဒေါ်လာနဲ့ရောင်းချပေးမှာဖြစ်ပြီး သတ်မှတ်ဈေးနှုန်း ရဲ့ ၄၀ ရာခိုင်နှုန်းသာ တော်လှန်ရေးကာလအတွင်းပေးသွင်းရမှာဖြစ်ပြီး ကျန်ရှိတဲ့ ငွေကို တော်လှန်ရေးအောင်ပြီး စီမံကိန်တွေ စတင်အကောင်အထည်ဖော်ချိန်မှာ ပေးသွင်းရမယ်လို့ NUG ကဆိုထားပါတယ်။

တော်လှန်ရေးကာလအတွင်း ပေးသွင်းရမယ့် ငွေကိုလည်း သုံးလ အတွင်းအရစ်ကျခွဲသွင်းနိုင်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook