Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် မိုင်းထိ၍ ပျက်သွားသောယာဥ်နှစ်စီးအား လာယူသည့် စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များက မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

(ယမန်နေ့က မိုင်းထိခဲ့သော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ဓာတ်ပုံ - Local PDF)
(ယမန်နေ့က မိုင်းထိခဲ့သော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ဓာတ်ပုံ - Local PDF)

စစ်ကောင်တပ်သား အများအပြား ထိခိုက်သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းထိ၍ ပျက်သွားသော ယာဥ်နှစ်စီးအား လာယူသည့် စစ်ကောင်စီယာဥ်တန်းအား နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywaက သတင်းထုတ်ပြန်သည်။

ယမန်နေ့က မိုင်းထိ၍ ကားပျက်ပြီး ကျန်ရစ်သော စစ်ကား နှစ်စီးအား ဆွဲယူပြီး ပြန်လာသည့် စစ်ကောင်စီ၏ ၆စီးယာဥ်တန်းအား ယနေ့(စက်တင်ဘာလ ၂၇ ရက်) နံနက် ၄ နာရီကျော်က မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် Monywa Ranger Group၊ Truth Army အဖွဲ့များနှင့် ပူးပေါင်း၍ ပဒေသာမိုင်း သုံးလုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywaက အသိပေးသည်။

နှစ်စီးမြောက်နှင့် လေးစီးမြောက် ယာဥ်သည် ပျက်နေသည့် ယာဥ်များဖြစ်ပြီး သုံးစီးမြောက်ယာဥ် နှင့် ငါးစီးမြောက်ယာဥ် ထိသွားကြောင်း၊ မိုင်းများကွဲသည်နှင့် အာပီဂျီတစ်ချက်အပါအဝင် လက်နက်များဖြင့် လမ်းဘေးသို့ ပစ်ခတ်ကာ မောင်းပြေးသွားကြကြောင်း PDF-South Monywaက ပြောသည်။

Public Service Announcement
Public Service Announcement

နောက်ထပ် ၁၃ မိနစ်ခန့်အကြာတွင် အဆိုပါ ယာဥ်တန်းကိုပင် Farmers Revolution Force – FRF နှင့်ပူးပေါင်း၍ ဒုတိယပွိုင့်နေရာအရောက်၌ ပဒေသာမိုင်း သုံးလုံး ထပ်မံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

နောက်ဆုံး ခြောက်စီးမြောက်ယာဥ်မှာ ဘော်ဒီထိမှန်၍ ကားမှန်များပါကွဲကြေကာ အချိန်အတော်ကြာ ထိုးရပ်သွားကြောင်း၊ ရှေ့ကားတစ်စီး ပြန်လှည့်၍ မိုင်းထိသော ယာဥ်အား ကြိုးဖြင့်ဆွဲကာ မောင်းပြေးသွားကြောင်း PDF-South Monywaက ပြောသည်။

ပထမဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား သုံးဦး၊ ဒုတိယဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိသည်ဟု PDF-South Monywaက ဆိုသည်။

ထို့အပြင် ပြည်သူ့ရဲဘော်များ ပွန်းပဲ့သည်များမှအပ ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ယနေ့နံနက်စောစော မိုင်းသံများကြောင့် မနီးမဝေးနေရာများမှ မြေများနှင့် အိမ်များပါတုန်ကာပြည်သူများ လန့်နိုးကြောင်း သိရ၍ တောင်းပန်ကြောင်း PDF-South Monywaက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PDF-South Monywa၏ တာဝန်ရှိသူ Daung Karyan က “ပထမပွိုင့်ဆွဲပြီးကတည်းက ဒီကောင်တွေလမ်းတစ်လျှောက်ပစ်လိုက်တာ နောက်တစ်ပွိုင့်ဆွဲလိုက်တဲ့အချိန်မှာ သေနတ်သံတွေပါရပ်ပြီး ကားပါထိုးရပ်သွားတာ။ ဒီကောင်တွေတော်တော်သေမယ်ဗျ။ ​ရှေ့ကားတစ်စီးချက်ချင်းပြန်လှည့်လာပြီး ကြိုးနဲ့ပါဆွဲပြီး မောင်းထွက်သွားကြတယ်။”ဟု ပြောသည်။

စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များက မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်