Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းတွင် မိုင်းထိ၍ ပျက်သွားသောယာဥ်နှစ်စီးအား လာယူသည့် စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များက မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

(ယမန်နေ့က မိုင်းထိခဲ့သော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ဓာတ်ပုံ - Local PDF)
(ယမန်နေ့က မိုင်းထိခဲ့သော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ဓာတ်ပုံ - Local PDF)

စစ်ကောင်တပ်သား အများအပြား ထိခိုက်သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းထိ၍ ပျက်သွားသော ယာဥ်နှစ်စီးအား လာယူသည့် စစ်ကောင်စီယာဥ်တန်းအား နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywaက သတင်းထုတ်ပြန်သည်။

ယမန်နေ့က မိုင်းထိ၍ ကားပျက်ပြီး ကျန်ရစ်သော စစ်ကား နှစ်စီးအား ဆွဲယူပြီး ပြန်လာသည့် စစ်ကောင်စီ၏ ၆စီးယာဥ်တန်းအား ယနေ့(စက်တင်ဘာလ ၂၇ ရက်) နံနက် ၄ နာရီကျော်က မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် Monywa Ranger Group၊ Truth Army အဖွဲ့များနှင့် ပူးပေါင်း၍ ပဒေသာမိုင်း သုံးလုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywaက အသိပေးသည်။

နှစ်စီးမြောက်နှင့် လေးစီးမြောက် ယာဥ်သည် ပျက်နေသည့် ယာဥ်များဖြစ်ပြီး သုံးစီးမြောက်ယာဥ် နှင့် ငါးစီးမြောက်ယာဥ် ထိသွားကြောင်း၊ မိုင်းများကွဲသည်နှင့် အာပီဂျီတစ်ချက်အပါအဝင် လက်နက်များဖြင့် လမ်းဘေးသို့ ပစ်ခတ်ကာ မောင်းပြေးသွားကြကြောင်း PDF-South Monywaက ပြောသည်။

Public Service Announcement
Public Service Announcement

နောက်ထပ် ၁၃ မိနစ်ခန့်အကြာတွင် အဆိုပါ ယာဥ်တန်းကိုပင် Farmers Revolution Force – FRF နှင့်ပူးပေါင်း၍ ဒုတိယပွိုင့်နေရာအရောက်၌ ပဒေသာမိုင်း သုံးလုံး ထပ်မံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

နောက်ဆုံး ခြောက်စီးမြောက်ယာဥ်မှာ ဘော်ဒီထိမှန်၍ ကားမှန်များပါကွဲကြေကာ အချိန်အတော်ကြာ ထိုးရပ်သွားကြောင်း၊ ရှေ့ကားတစ်စီး ပြန်လှည့်၍ မိုင်းထိသော ယာဥ်အား ကြိုးဖြင့်ဆွဲကာ မောင်းပြေးသွားကြောင်း PDF-South Monywaက ပြောသည်။

ပထမဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား သုံးဦး၊ ဒုတိယဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိသည်ဟု PDF-South Monywaက ဆိုသည်။

ထို့အပြင် ပြည်သူ့ရဲဘော်များ ပွန်းပဲ့သည်များမှအပ ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ယနေ့နံနက်စောစော မိုင်းသံများကြောင့် မနီးမဝေးနေရာများမှ မြေများနှင့် အိမ်များပါတုန်ကာပြည်သူများ လန့်နိုးကြောင်း သိရ၍ တောင်းပန်ကြောင်း PDF-South Monywaက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PDF-South Monywa၏ တာဝန်ရှိသူ Daung Karyan က “ပထမပွိုင့်ဆွဲပြီးကတည်းက ဒီကောင်တွေလမ်းတစ်လျှောက်ပစ်လိုက်တာ နောက်တစ်ပွိုင့်ဆွဲလိုက်တဲ့အချိန်မှာ သေနတ်သံတွေပါရပ်ပြီး ကားပါထိုးရပ်သွားတာ။ ဒီကောင်တွေတော်တော်သေမယ်ဗျ။ ​ရှေ့ကားတစ်စီးချက်ချင်းပြန်လှည့်လာပြီး ကြိုးနဲ့ပါဆွဲပြီး မောင်းထွက်သွားကြတယ်။”ဟု ပြောသည်။

စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များက မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။