Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် ရွှေလုပ်ကွက်များထံ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်

သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ ရွှေလုပ်ကွက်များရှိ ရွှေလုပ် သားများအား ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ငွေညှစ်မှုများပါ ပြုလုပ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သပိတ်ကျင်းတွင် ရွှေလုပ်ကွက်များထံ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်
သပိတ်ကျင်းတွင် ရွှေလုပ်ကွက်များထံ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနိုင်ဟုဆို

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ရွှေလုပ်ကွက်များထံ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား နှစ်ကြိမ်မိုင်းခွဲကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနိုင်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ လွန်ခဲ့သော နှစ်ရက်က စစ်ကောင်စီတပ်များသည် သပိတ်ကျင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးရန်အတွက် စစ်ကြောင်းသုံးကြောင်းဖြင့် လာရောက်ခဲ့သည်။

ယမန်နေ့(စက်တင်ဘာ ၂၆ ရက်) နံနက် ၇နာရီခန့်က စစ်ကြောင်းတစ်ခုမှာ အင်အား ၇၀ခန့်ဖြင့် ဖက်ရှည်ကျေးရွာသို့ ကားဖြင့်ရောက်လာကြပြီး သံပုရာချပ် လုပ်ကွက်ဆီသို့ စစ်ကြောင်းထိုးရန် ကားပေါ်မှဆင်း၍ ခြေလျင်လျှောက်လာခဲ့သည်။

Public Service Announcement
Public Service Announcement

၁၀ မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် ပထမမိုင်းကွင်းကိုကျော်၍ ကျန်စစ်သားများ မိုင်းကွင်းပေါ်ရောက်ရှိနေချိန် ဖေါက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ကျော်သွားသော စစ်ကောင်စီတပ်များ ဒုတိယမိုင်းကွင်းပေါ် အရောက် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုင်း ၈လုံးတစ်ကြိမ်၊ ၆လုံးတစ်ကြိမ် စုစုပေါင်း မိုင်း ၁၄လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၃၄ ဦးခန့်နေရာမှာပင် သေဆုံးပြီး ၁၇ဦး အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့က အသိ​ပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးမှုကို မည်ကဲ့သို့ အတည်ပြုသနည်းဟု People’s Springက မေး​​မြန်းရာ အတွင်းသတင်းအရ သိရှိရကြောင်း ဗိုလ်လင်းယုန်အဖွဲ့တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဝေးထိန်းနဲ့ ခွဲတာဆိုတော့ လက်နက်ပစ္စည်းက ကောက်ဖို့အခြေအနေမပေးပါဘူးခင်ဗျ။ ​ွေးသတင်းက အရမ်းကပ်နေတော့ ဗွီဒီယိုကလည်း ရိုက်ချိန်မရှိလို့ပါ”ဟု ၎င်းက ပြောသည်။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက် နံနက် ၁၀ခန့်အချိန်တွင် နာရေးကား လေးစီးဖြင့် သေဆုံးထိခိုက်သူများအား ကျောက်ကြီးစစ်ဆေးရုံသို့တင်ဆောင်သွားကြောင်း စောင့်ကြည့် ရဲဘော်ထံမှသိရသည်ဟု ထုတ်ပြန်ထားသည်။

ထိုနောက် အင်အားအလုံးအရင်းဖြင့်ထပ်မံရောက်ရှိလာပြီး ဖက်ရှည်ကျေးရွာမှ ပြည်သူအချို့ကိုဖမ်းဆီးကာ ရွာကိုပါ မီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိ​သေးပါ။

သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ ရွှေလုပ်ကွက်များရှိ ရွှေလုပ် သားများအား ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ငွေညှစ်မှုများပါ ပြုလုပ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းဖြစ်စဥ်အတွက် လက်တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း၊ ပြင်ဦးခရိုင် ခရိုင်(ပကဖ) သပိတ်ကျင်းမြို့နယ်အခြေစိုက် ဗိုလ်လင်းယုန်တပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook