သတင်း YDF(ရွှေစွန်ညို)စခန်းတစ်ခု ဇွန်လကုန်ပိုင်းတွင်ဖျက်ဆီးခံရ၍အကူအညီလိုအပ်နေဟုအသိပေး ထိုတည်နေရာမှာရွှေစွန်ညိုတပ်ရင်းစခန်းခွဲတစ်ခုနှင့်အလွန်နီးကပ်ခဲ့ပြီး CDF-မင်းတပ် နှင့်တိုက်ပွဲတွင်အထိနာ၍ဆုတ်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဇွန်လ ၃၀ရက်နေ့တွင် ရွှေစွန်ညိုတပ်ရင်းစခန်းခွဲသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ၏တပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိဟု MC-KC PDF အသိပေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ချမှတ်ထားသောစစ်သုံ့ပန်း ဥပဒေနှင့်အညီဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာပဲ စစ်ကောင်စီဆက်လက်ထားရှိ၊ အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲထားတဲ့အမှုအတွက် ထောင်တွင်းတရားရုံးမှာ ဒီနေ့ ရုံးထုတ် အာဏသိမ်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့လိုက်တာပါ။ LuduNwayOoဇူလိုင် 7, 2022
သတင်း တပ်ရင်း ၁၁ရင်းမြောက်အဖြစ် တပ်ရင်း(K)အား တိုးချဲ့ဖွဲ့စည်းကြောင်း ဒီးမော့ဆို PDF အသိပေး "ကျွန်တော်တို့ပထမ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ခုမှာ မပါဝင်လိုက်ရသေးတဲ့ လူငယ်တွေနဲ့ စစ် ကောင်စီကိုတွန်လှန်ဖို့ ကြိုးပမ်းနေတဲ့ဒေသခံတွေ အများစုအတွက် တပ်ရင်း တစ်ရင်း ထပ်မံ ဖွဲ့စည်းခဲ့တာဖြစ်တယ်"ဟု ၎င်းက People' Springသို့ ပြောသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း 7July မှာ ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် အဖွဲ့(၄)ဖွဲ့ ပူးတွဲသဘောထားထုတ်ပြန် ဒီကနေ ကျရောက်တဲ့ 7July နေ့နဲပတ်သက်ပြီး တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစု အနောက်ပိုင်းဒေသ အဖွဲ့တွေက ပူးတွဲသဘောထားထုတ်ပြန်ထားတာပါ။ LuduNwayOoဇူလိုင် 7, 2022
သတင်း ဗန်းမောက်မြို့နယ်အတွင်း ဆက်ကြေးကောက်ခြင်း ရပ်တန့်ရန်နှင့်ကောက်ခံထားပြီးသော ငွေကြေးများကို မူလပိုင်ရှင်များထံအမြန်ဆုံးပြန်လည်ပေးအပ်ရန် ရှမ်းနီတပ်ဖွဲ့(SNA)အား မြို့နယ်(ပကဖ) သတိပေး ရှမ်းနီတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီးဖောင်းပြင်နှင့်ဗန်းမောက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသလို လူထုထံမှ ဆတ်ကြေးအဓမ္မကောက်ခံနေသည်ဟုလည်း ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များကို အပြစ်ပေးအရေးယူရန် အစွမ်းကုန်လုပ်ဆောင်မည်ဟု NUG သန္နိဌာန်ပြု ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြနေကြောင်း NUG က ဖော်ပြသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း စစ်အာဏာရှင်အား တိုက်ခိုက်မည့် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့လေ့ကျင့်နေမှု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)ထုတ်ပြန် ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန်အပါအဝင် စစ်ကောင်စီတပ်၏ စစ်စခန်းများ၊ မြို့သိမ်းတိုက်ပွဲများနှင့် အထူးစစ်ဆင်ရေးများကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း ရန်သူအား အမြစ်ဖြတ်ချေမှုန်းရန် အားကောင်းခိုင်မာ သော နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်မှသာ တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု တပ်ဖွဲ့လေးဖွဲ့ ထုတ်ပြန် ယနေ့ကျရောက်သည့် နှစ်(၆၀)ပြည့် ဆဲဗင်းဇူလိုင် အထိန်းအမှတ်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်(ASU/SAF)၊ ပြည်သူ့လွတ် မြောက်ရေးတပ်တော်(PIO/PIA)၊ ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့(PLF)နှင့် ပြည်သူ့တော် လှန်ရေးအင်အားစု အနောက်ပိုင်းဒေသတို့ ပူးတွဲထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း KNU နယ်မြေများ၌ ခြောက်လအတွင်း စစ်ကောင်စီတပ်သား ၂၂၀၀ ကျော်သေဆုံးခဲ့ကြောင်း ထုတ်ပြန် စစ်ကောင်စီတပ်နှင့်BGFများအများဆုံးသေဆုံးသောလများမှ တစ်လလျှင်စစ်သား ၅၀၀ ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊ခြောက်လအတွင်းအနည်းဆုံးလဖြစ်သော ဇွန်လတွင်ပင် ၃၆၅ ယောက်သေသည်။ LuduNwayOoဇူလိုင် 7, 2022