Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်အား တိုက်ခိုက်မည့် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့လေ့ကျင့်နေမှု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)ထုတ်ပြန်

ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန်အပါအဝင် စစ်​ကောင်စီတပ်၏ စစ်စခန်း​များ၊ မြို့သိမ်းတိုက်ပွဲ​များနှင့် အထူးစစ်ဆင်​ရေး​များကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဓာတ်ပုံ - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)၊ တပ်ရင်း - ၇၀၃
ဓာတ်ပုံ - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)၊ တပ်ရင်း - ၇၀၃

စစ်အာဏာရှင်အား တိုက်ခိုက်မည့် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့လေ့ကျင့်နေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)၊ တပ်ရင်း – ၇၀၃က ယနေ့(ဇူလိုင် ၇ရက်)တွင် ထုတ်ပြန်သည်။

အာဏာရှင်စနစ်ကျဆုံးရေးအတွက် အဆုံးအစွန်ထိသွားရန် သန္ဓိဌာန်ချထားပြီးဖြစ်၍ ပြည်သူ များက ကွန်မန်ဒိုတပ်ဖွဲ့ကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ထို့အပြင် တိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့၏ လေ့ကျင့်ရေးပစ္စည်းများကို မိဘပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် ယခုလေ့ကျင့်မှုကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟု အသိပေးသည်။

ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန်အပါအဝင် စစ်​ကောင်စီတပ်၏ စစ်စခန်း​များ၊ မြို့သိမ်းတိုက်ပွဲ​များနှင့် အထူးစစ်ဆင်​ရေး​များကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်း၊မကွေးနှင့် စစ်ကိုင်းတိုင်းရှိ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသများကို ကိုယ်စားပြုထားသည့် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကွန်မန်ဒိုအထူးတပ်ဖွဲ့ကို ဇွန်လဆန်းပိုင်းကစ၍လေ့ကျင့်ပေးနေသည်ဟု တပ်ရင်း(၇၀၃)မှ တပ်ရင်းမှူးကိုစိုးမိုး အသိပေးသည်။

“ကျွန်တော်တို့မှာ လို အပ်ချက်များစွာရှိနေပါသေးတယ်။အဲဒါတွေအတွက် ပြည်သူလူထုက ကူညီပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ကိုစိုးမိုးက ပြောသည်။

လက်ရှိ အနောက်ပိုင်းတိုင်စစ်ဒေသတွင် ဂန့်ဂေါခရိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကောင် စီတပ်မှအင်အား ၃၀၀ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွား နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

Facebook