Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်သူအား အမြစ်ဖြတ်ချေမှုန်းရန် အားကောင်းခိုင်မာ သော နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်မှသာ တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု ​တပ်​ဖွဲ့​လေးဖွဲ့ ထုတ်ပြန်

ယနေ့ကျရောက်သည့် နှစ်(၆၀)ပြည့် ဆဲဗင်းဇူလိုင် အထိန်းအမှတ်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်(ASU/SAF)၊ ပြည်သူ့လွတ် မြောက်ရေးတပ်တော်(PIO/PIA)၊ ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့(PLF)နှင့် ပြည်သူ့တော် လှန်ရေးအင်အားစု အနောက်ပိုင်းဒေသတို့ ပူးတွဲထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

ပြည်သူအားဖိနှိပ်အုပ်ချုပ်ရန် ရာစုနှစ်ထက် ဝက်ကျော် စနစ်ကျခိုင်မာစွာတည်ဆောက်ထားသော ရန်သူစစ်ယန္တရားအား အမြစ်ဖြတ်ချေမှုန်းရန် အားကောင်းခိုင်မာသော နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်မှသာ ဤတိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု ယုံကြည်ကြောင်း ကျောင်းသားလက်ရုံးတပ်တော်နှင့် တပ်ဖွဲ့သုံးခုက ပူးပေါင်းထုတ်ပြန်သည်။

ရန်သူအား အမြစ်ဖြတ်ချေမှုန်းရန် အားကောင်းခိုင်မာ သော နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်မှသာ တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု ​တပ်​ဖွဲ့​လေးဖွဲ့ ထုတ်ပြန်
ရန်သူအား အမြစ်ဖြတ်ချေမှုန်းရန် အားကောင်းခိုင်မာ သော နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်မှသာ တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု ​တပ်​ဖွဲ့​လေးဖွဲ့ ထုတ်ပြန်

ယနေ့ကျရောက်သည့် နှစ်(၆၀)ပြည့် ဆဲဗင်းဇူလိုင် အထိန်းအမှတ်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်(ASU/SAF)၊ ပြည်သူ့လွတ် မြောက်ရေးတပ်တော်(PIO/PIA)၊ ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့(PLF)နှင့် ပြည်သူ့တော် လှန်ရေးအင်အားစု အနောက်ပိုင်းဒေသတို့ ပူးတွဲထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

လက်ရှိအခြေအနေသည် နိုင်ငံရေးအစုအဖွဲ့များအားလုံး သဘောတူလက်ခံသည့် နိုင်ငံရေးဘုံရည်မှန်းချက်တစ်ခုကို ဆွေးနွေးဖော်ဆောင်ပြီး ကွပ်ကဲမှုစနစ်ပြတ်သားခိုင်မာသော မဟာမိတ်တပ်ပေါင်းစုတစ်ရပ်အဖြစ် ဟန်ချက်ညီညီတိုက်ပွဲဝင်နိုင်ရန် အထူးအရေးကြီးလှသည်ဟု ဆော်သြသည်။

ယင်းအပြင် ဝေဝါးကွဲပြားသော ရည်မှန်စချက်များနှင့် စုစည်းညီညာမှုမရှိသော လက်နက်ကိုင်တော်လှန်ရေးသည် ဘုံရန်သူပြုတ်ကျသွားပြီးနောက် ပြည်တွင်းစစ်နှင့် စစ်ဘုရင်ဝါဒကို ထပ်မံဦးတည်စေပြီး သမိုင်းတကျော့ပြန်ခြင်းကိုသာ ဖြစ်ပေါ်စေမည်ဟူသော အတိတ်ဖြစ်ရပ်များအား သင်ခန်းစာယူသင့်သည်ဟုလည်း ထောက်ပြ သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ၎င်းတို့တပ်ဖွဲ့များအနေဖြင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ဟူသော စစ်သုံးစစ်တိုက်ဖျက်ရေးမူအပေါ် ခိုင်မာစွာရပ်တည်ပြီး ပြည်သူလူထုအတွက် လွတ်လပ်သော၊ တရားမျှတသော၊ တန်းတူညီမျှသော နိုင်ငံတော်တစ်ရပ်ဖြစ်စေရန် ရပ်တည်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။