Connect with us

Hi, what are you looking for?

သတင်း

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ၏တပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိဟု MC-KC PDF အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ချမှတ်ထားသောစစ်သုံ့ပန်း ဥပဒေနှင့်အညီဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ၏တပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိဟု MC-KC PDF အသိပေး
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ၏တပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိဟု MC-KC PDF အသိပေး

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ၏ တပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားမှာ တပ်ကြပ်ကြီးအဆင့်ရှိသူ လက်နက်စောင့်အဖြစ် တာဝန်ယူထားကြောင်း ၎င်း၏ သက်သေခံ ကဒ်ပြား၌ ဖော်ပြထားသည်။

“သူ့ကို ဒီနေ့(ဇူလိုင် ၇ ရက်) မနက်အစောပိုင်း ဖမ်းမိတာပါ။ ပခုက္ကူနဲ့ ဆိပ်ဖြူ အစပ်မှာ။ကျန်တာတော့လောလောဆယ် ဆက်လက်စစ် ဆေးနေတုန်းပဲ”ဟု MC-KC PDF တာဝန်ရှိသူက ရှင်းပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ချမှတ်ထားသောစစ်သုံ့ပန်း ဥပဒေနှင့်အညီဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။