Connect with us

Hi, what are you looking for?

သတင်း

KNU နယ်မြေများ၌ ခြောက်လအတွင်း စစ်ကောင်စီတပ်သား ၂၂၀၀ ကျော်သေဆုံးခဲ့ကြောင်း ထုတ်ပြန်

စစ်​ကောင်စီတပ်နှင့်BGFများအများဆုံး​သေဆုံး​သောလများမှ တစ်လလျှင်စစ်သား ၅၀၀ ​ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊​ခြောက်လအတွင်းအနည်းဆုံးလဖြစ်​သော ဇွန်လတွင်ပင် ၃၆၅ ​ယောက်​သေသည်။

( KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)
( KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)

-KNUဘက်မှ ၈၀ ကျော်ကျဆုံးပြီး စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၇၀ ကျော်အသက်ဆုံးရှုံးရ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများ၌ ယခုနှစ် ၆ လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၂၆၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့မှ တပ်ဖွဲ့ဝင် ၂၂၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

( KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)
(KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)

KNUကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ် ၆လ အတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ် ၂၆၈၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ၊ BGF များဘက်မှ ၂၂၀၈ ဦး သေဆုံးပြီး ၁၅၄၅ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်​ကောင်စီတပ်နှင့်BGFများအများဆုံး​သေဆုံး​သောလများမှ တစ်လလျှင်စစ်သား ၅၀၀ ​ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊​ခြောက်လအတွင်းအနည်းဆုံးလဖြစ်​သော ဇွန်လတွင်ပင် ၃၆၅ ​ယောက်​သေသည်။

တိုက်ပွဲများအတွင်း KNLA၊ KNDO တို့ဘက်မှ ၈၄ဦး ကျဆုံးကာ ၁၇၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

( KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)
(KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)

စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအတွင်းရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုများ နှင့် အကြောင့်မဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူ ၇၂ ဦး အသက် သေဆုံးခဲ့ရပြီး ၁၅၅ ဦး တို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

၂၀၂၂ ပထမ ၆ လအတွင်းKNU နယ်​မြေတိုက်ပွဲအ​ခြေပြဇယား
၂၀၂၂ ပထမ ၆ လအတွင်းKNU နယ်​မြေတိုက်ပွဲအ​ခြေပြဇယား

တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ တပ်မဟာ(၃)ခရိုင် ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၂)ခရိုင် တောင်ငူခရိုင်တို့ ဖြစ်ပြီး တပ်မဟာ(၄)နယ်မြေ ထားဝယ်ခရိုင်၌ တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။ တပ်မဟာ(၇) နယ်မြေ ဘားအံခရိုင်၌ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ပေ။ အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များလည်း KNU လက်အောက်ခံတပ်များနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။