Connect with us

Hi, what are you looking for?

သတင်း

တပ်ရင်း ၁၁ရင်းမြောက်အဖြစ် တပ်ရင်း(K)အား တိုးချဲ့ဖွဲ့စည်းကြောင်း ဒီး​​မော့ဆို PDF အသိပေး

“ကျွန်တော်တို့ပထမ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ခုမှာ မပါဝင်လိုက်ရသေးတဲ့ လူငယ်တွေနဲ့ စစ် ကောင်စီကိုတွန်လှန်ဖို့ ကြိုးပမ်းနေတဲ့ဒေသခံတွေ အများစုအတွက် တပ်ရင်း တစ်ရင်း ထပ်မံ ဖွဲ့စည်းခဲ့တာဖြစ်တယ်”ဟု ၎င်းက People’ Springသို့ ပြောသည်။

ဓာတ်ပုံ - DMO-Local PDF
ဓာတ်ပုံ - DMO-Local PDF

တပ်ရင်း ၁၁ရင်းမြောက်အဖြစ် တပ်ရင်း(K)အား တိုးချဲ့ဖွဲ့စည်းကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို (DMO-Local PDF)က ယနေ့ (ဇူလိုင် ၇ရက်) ထုတ်ပြန်အသိပေးသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို(DMO-Local PDF)မှ တပ်ရင်း(K)ကို ဗဟို​ကော်မတီဦး​ဆောင်ပြီး တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်းဟုလည်း ဖော်ပြသည်။

ဓာတ်ပုံ - DMO-Local PDF
ဓာတ်ပုံ – DMO-Local PDF

တိုးချဲ့ဖွဲ့စည်းခဲ့​သော တပ်ရင်း(K)သည် အဓိဌာန်(၄)ချက်နှင့်အညီ အကြမ်းဖက်စစ်​ကောင်စီကို အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အခြား​တော်လှန်​ရေးတပ်ဖွဲ့နှင့်အတူ ညီညွတ်စွာလက်တွဲသွားမည်ဖြစ်ကြောင်း အသိပေးသည်။

ဒီး​မော့ဆိုမြို့နယ်ရှိ​ လူငယ်အများစုမှာ စစ်အာဏာရှင်​တော်လှန်ခြင်းမှာ မည်သို့အခက်အခဲကြမ်းတမ်းသည်ကို နားလည်ထား​သော်လည်း မတရားမှုအား ခုခံ​တော်လှန်ရာတွင် စိတ်အားထက်သန်မှုကြောင့် ​တော်လှန်​ရေးတပ်သားများစွာ ထွက်​ပေါ်လာခဲ့ခြင်းဟု DMO-Local PDF တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - DMO-Local PDF
ဓာတ်ပုံ – DMO-Local PDF

“ကျွန်တော်တို့ပထမ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ခုမှာ မပါဝင်လိုက်ရသေးတဲ့ လူငယ်တွေနဲ့ စစ် ကောင်စီကိုတွန်လှန်ဖို့ ကြိုးပမ်းနေတဲ့ဒေသခံတွေ အများစုအတွက် တပ်ရင်း တစ်ရင်း ထပ်မံ ဖွဲ့စည်းခဲ့တာဖြစ်တယ်”ဟု ၎င်းက People’ Springသို့ ပြောသည်။

ထပ်မံဖွဲ့စည်းလိုက်သည့် တပ်ရင်းတွင် လူဦးရေ ၂၂၀ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို​ကြောင့် ဖွဲ့စည်းလိုက်​သည့် တပ်ရင်းသစ်အား လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာစသည့် အ ခက်အခဲအမျိုးမျိုးအတွက်ပြည်သူများ၏ ထောက်ပံ့​မှုများလိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။