Connect with us

Hi, what are you looking for?

သတင်း

YDF(​ရွှေစွန်ညို)စခန်းတစ်ခု ဇွန်လကုန်ပိုင်းတွင်ဖျက်ဆီးခံရ၍အကူအညီလိုအပ်​နေဟုအသိ​ပေး

ထိုတည်နေရာမှာရွှေစွန်ညိုတပ်ရင်းစခန်းခွဲတစ်ခုနှင့်အလွန်နီးကပ်ခဲ့ပြီး CDF-မင်းတပ် နှင့်တိုက်ပွဲတွင်အထိနာ၍ဆုတ်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဇွန်လ ၃၀ရက်နေ့တွင် ရွှေစွန်ညိုတပ်ရင်းစခန်းခွဲသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း အသိပေးသည်။

(ဖျက်ဆီးခံလိုက်ရသော ရွှေစွန်ညိုအဖွဲ့၏ တပ်ရင်းစခန်း။ ဓါတ်ပုံ-YDF ရွှေစွန်ညို)
(ဖျက်ဆီးခံလိုက်ရသော ရွှေစွန်ညိုအဖွဲ့၏ တပ်ရင်းစခန်း။ ဓါတ်ပုံ-YDF ရွှေစွန်ညို)

မကွေးတိုင်းနှင့် ချင်းပြည်နယ်နယ်စပ်ရှိ YDFတပ်ရင်းစခန်းတစ်ခု ဇွန်လကုန်ပိုင်းက စီးနင်းခံရပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းခံရ၍ အကူအညီများလိုအပ်နေကြောင်း YDF(​ရွှေစွန်ညို)အဖွဲ့က အသိပေးသည်။

ပြီးခဲ့သည့် ဇွန်လ၂၉ရက်နေ့က ထီးလင်းမြို့နယ်အတွင်းသို့ထိုးစစ်ဆင်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့်ရွှေစွန်ညိုတပ်ရင်းက ရဲဘော်များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့တိုက်ပွဲဖြစ်ပွားနေစဥ် ရွှေအောင်သာဘက်မှထိုးစစ်ဆင်လာသော အင်အား ၂၀၀ ခန့်ရှိအကြမ်းဖက်စစ်တပ်၏စစ်ကြောင်းနှင့်CDF-မင်ူတပ်တို့မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ် (ချင်းပြည်နယ်အတွင်းရှိကျေးရွာတစ်ခုအနီး)တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ထိုတည်နေရာမှာရွှေစွန်ညိုတပ်ရင်းစခန်းခွဲတစ်ခုနှင့်အလွန်နီးကပ်ခဲ့ပြီး CDF-မင်းတပ် နှင့်တိုက်ပွဲတွင်အထိနာ၍ဆုတ်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဇွန်လ ၃၀ရက်နေ့တွင် ရွှေစွန်ညိုတပ်ရင်းစခန်းခွဲသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရှေ့တန်းရောက် ရဲဘော်များသည် စခန်းသို့ပြန်လည်သွား၍ ကာကွယ်လိုသော်လည်းနယ်မြေအနေအထားနှင့် လက်နက်ခဲယမ်းမပြည့်စုံခြင်းတို့ကြောင့် မည်သို့မှသွားရောက်၍မရခဲ့ဘဲ ပြည်သူများသွေးချွေးနှင့်တည်ဆောက်ထားသော ရွှေစွန်ညိုစခန်းခွဲတစ်ခုကို ဆုံးရှုံးလိုက်ရသည်ဟုဆိုသည်။

စခန်းရှိရဲဘော်များမှာအချိန်မီဆုတ်ခွာနိုင်၍ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း ဆိုင်ကယ် ၁၁ စီး၊ လက်နက်ခဲယမ်း တချို့နှင့် စခန်းသုံးပစ္စည်းအများအပြားဆုံးရှူံးခဲ့ရကြောင်း ။ရဲဘော်များဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်နေရပါသဖြင့် လိုအပ်သည်များကိုတတ်နိုင်သလောက်ကူညီပေးကြပါရန် မိဘပြည်သူများအား ညိုးငယ်စွာဖြင့် မေတ္တာရပ်ခံကြောင်း YDF(​ရွှေစွန်ညို) အဖွဲ့ကအသိပေးထားသည်။

​YDF​ရွှေစွန်ညိုတပ်ဖွဲ့သည် စခန်းတစ်ခုဖျက်ဆီးခံရ​သော်လည်းဇူလိုင် ၂ ရက်နံနက်က ထလင်းရွာမှထွက်လာသော အင်အား၂၀၀ ခန့်ပါ​သောစစ်​ကောင်စီစစ်ကြောင်းကိုYDF တပ်ရင်း၆၊၇၊၈၊၁၅ တို့နှင့်အတူပူးပေါင်းတိုက်ခိုက်ခဲ့သည်။ထိုတိုက်ပွဲမှာ ၄၅ မိနစ်ခန့်ကြာပြီး​စစ်​ကောင်စီတပ်အထိ့နာ၍ တပ်ပြန်ဆုတ်သွားပြီး YDF၏မိုင်းဆွဲသမားများနှင့်ရိုင်ဖယ်သမားများမျက်မြင်ပြောပြချက်အရ စစ်သား ၁၅ဦးထက်မနည်း​သေဆုံးနိုင်ပြီး ဒဏ်ရာရသူများလည်းရှိ​ကြောင်းထုတ်ပြန်ထားသည်။YDF ရဲ​ဘော်များ​အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး ထိခိုက်ကျဆုံးမှုမရှိဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။

သတင်း

တနသ်ာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူအချို့ကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People's Spring ကို ပြောပါတယ်။

သတင်း

ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်သော မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘူဒို ဇာများဖြင့်ထိုးကာ ရိုးမအတက်အဆင်းနှစ်နေရာတွင် ဖြတ်တောက်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။