Hi, what are you looking for?
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။
ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍ PDF များမှ တစ်ပတ်အတွင်း ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။
KRF သည်ကျိုက်ထိုမြို့နယ်အတွင်းစစ်အာဏာရှင်ကိုအဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့် တော်လှန်ရေအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်ပြည်သူ လူထုအပေါ် အတိ အလင်းထုတ်ပြန် ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက အနီးကပ်စောင့်ကြည့်ကာ ခြွင်းချက် မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။