Connect with us

Hi, what are you looking for?

သတင်း

ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်သော စစ်တပ်ကို ဘုံရန်သူအဖြစ်သတ်မှတ် ချေမှုန်းမည်ဟု KRF အသိပေး

KRF သည်ကျိုက်ထိုမြို့နယ်အတွင်းစစ်အာဏာရှင်ကိုအဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့် တော်လှန်ရေအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်ပြည်သူ
လူထုအပေါ် အတိ အလင်းထုတ်ပြန် ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။

KRF
KRF

PDF များက ကျောင်းများကို တစ်ပတ်အတွင်း ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်ကာ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများကြား သွေး ခွဲသော စစ်ကောင်စီတပ်ကို ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း Kyaikhto Revolution Force – KRF က အသိ ပေးထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍PDFများမှတစ်ပတ်အတွင်းကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

KRF
KRF

ယင်းလုက်ရပ်မှာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား သွေးခွဲခြင်းသာဖြစ်ပြီး ထိုသို့ကောက်ကျစ်သည့်လုပ်ရပ်မျိုးကို KRF မှ ပြုလုပ်မည်မဟုတ်ဘဲ သွေးခွဲသူများကိုသာ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဟု ကျိုထိုမြို့နယ်ပြည်သူများက အသိပေးသည်။

Public Service Announcement

အလားတူ ပြည်သူများအ‌နေဖြင့်လည်း ထိုကဲ့သို့ အပြစ်မဲ့ကလေးသူငယ်များ ရှိနေသည့် စာသသင်ကျောင်းများအား တော်လှန်ရေးသမား(PDF)စသည်ဖြင့်အမည်ခံကဖောက်ခွဲမှုဖြစ်ပေါ်လာပါက မည်သူတို့ ပြုလုပ်ကြောင်းကို မိမိတို့တတ်စွမ်းသလောက်ဝိုင်းဝန်းဖော်ထုတ်ကြရန် KRF ကအကူအညီတောင်းသည်။

Public Service Announcement

Public Service Announcement

KRF သည်ကျိုက်ထိုမြို့နယ်အတွင်းစစ်အာဏာရှင်ကိုအဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့် တော်လှန်ရေအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်ပြည်သူ
လူထုအပေါ် အတိ အလင်း ထုတ်ပြန်ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။

ဆက်လက်၍လည်း KRFအနေဖြင့်စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။