Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စာသင်ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်သော စစ်​ကောင်စီတပ်ကို ဘုံရန်သူအဖြစ်သတ်မှတ် ချေမှုန်းမည်ဟု KRFအသိပေး

ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍ PDF များမှ တစ်ပတ်အတွင်း ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

People's Spring
People's Spring

PDFများက စာသင်ကျောင်းများကို တစ်ပတ်အတွင်း ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်ကာ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများကြား သွေးခွဲသော စစ်ကောင်စီတပ်ကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း Kyaikhto Revolution Force – KRF က အသိ ယပေးထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍ PDF များမှ တစ်ပတ်အတွင်း ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

ယင်းလုက်ရပ်မှာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား သွေးခွဲခြင်းသာဖြစ်ပြီး ထိုသို့ကောက် ကျစ်သည့်လုပ်ရပ်မျိုးကို KRF မှ ပြုလုပ်မည်မဟုတ်ဘဲ သွေးခွဲသူများကိုသာ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဟု ကျိုထိုမြို့နယ်ပြည်သူများက အသိပေးသည်။

အလားတူ ပြည်သူများအ‌နေဖြင့်လည်း ထိုကဲ့သို့ အပြစ်မဲ့ကလေးသူငယ်များ ရှိနေသည့် စာသသင်ကျောင်းများအား တော်လှန်ရေး သမား(PDF)စသည်ဖြင့် အမည်ခံကာ ဖောက်ခွဲမှုဖြစ်ပေါ်လာပါက မည်သူတို့ ပြုလုပ်ကြောင်းကို မိမိတို့တတ်စွမ်းသလောက် ဝိုင်းဝန်းဖော် ထုတ်ကြရန် KRFက အကူအညီတောင်းသည်။

Public Service Announcement

Public Service Announcement

KRFသည် ကျိုက်ထိုမြို့နယ်အတွင်း စစ်အာ ဏာရှင်ကို အဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့်တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များ ဆောင် ရွက်ရာတွင် ပြည်သူလူထုအပေါ် အတိအလင်း ထုတ် ပြန်ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။

ဆက်လက်၍လည်း KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။