Connect with us

Hi, what are you looking for?

သတင်း

စာသင်ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်သော စစ်​ကောင်စီတပ်ကို ဘုံရန်သူအဖြစ်သတ်မှတ် ချေမှုန်းမည်ဟု KRFအသိပေး

ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍ PDF များမှ တစ်ပတ်အတွင်း ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

People's Spring
People's Spring

PDFများက စာသင်ကျောင်းများကို တစ်ပတ်အတွင်း ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်ကာ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများကြား သွေးခွဲသော စစ်ကောင်စီတပ်ကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း Kyaikhto Revolution Force – KRF က အသိ ယပေးထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍ PDF များမှ တစ်ပတ်အတွင်း ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

ယင်းလုက်ရပ်မှာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား သွေးခွဲခြင်းသာဖြစ်ပြီး ထိုသို့ကောက် ကျစ်သည့်လုပ်ရပ်မျိုးကို KRF မှ ပြုလုပ်မည်မဟုတ်ဘဲ သွေးခွဲသူများကိုသာ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဟု ကျိုထိုမြို့နယ်ပြည်သူများက အသိပေးသည်။

အလားတူ ပြည်သူများအ‌နေဖြင့်လည်း ထိုကဲ့သို့ အပြစ်မဲ့ကလေးသူငယ်များ ရှိနေသည့် စာသသင်ကျောင်းများအား တော်လှန်ရေး သမား(PDF)စသည်ဖြင့် အမည်ခံကာ ဖောက်ခွဲမှုဖြစ်ပေါ်လာပါက မည်သူတို့ ပြုလုပ်ကြောင်းကို မိမိတို့တတ်စွမ်းသလောက် ဝိုင်းဝန်းဖော် ထုတ်ကြရန် KRFက အကူအညီတောင်းသည်။

Public Service Announcement

Public Service Announcement

KRFသည် ကျိုက်ထိုမြို့နယ်အတွင်း စစ်အာ ဏာရှင်ကို အဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့်တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များ ဆောင် ရွက်ရာတွင် ပြည်သူလူထုအပေါ် အတိအလင်း ထုတ် ပြန်ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။

ဆက်လက်၍လည်း KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

Facebook