Connect with us

Hi, what are you looking for?

သတင်း

ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာ လမ်းတစ် လျှောက်မှ ကျေးရွာများ အနေဖြင့် စစ်ကောင်စီတပ် သတင်းများကို နားစွန့်၍ သတိပြုရှောင်ရှားကြရန်လည်း ထီးလင်း PDFက အသိပေးထားသည်။

မကွေးတိုင်း ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းသည် ဇွန်လ ၂ရက်က ထီးလင်းမြို့နယ် စင်းစယ်ရွာနှင့် ရေပုတ်ရွာများသို့ ဝင်ရောက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ရာ နေအိမ်၊ စပါးကျီ၊ နွားစာတဲ နှင့်ဆိုင်ကယ်များ ပျက်စီးခဲ့ရကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရေပုတ်ကျေးရွာမှ လူနေအိမ် (၁၂)လုံး ၊ လူနေတဲ (၁)လုံး၊ နွားတင်းကုပ် နွားစာတဲ (၃)လုံး။ စင်းစယ်ကျေးရွာ မှ လူနေအိမ် (၄)အိမ်၊ စပါးကျီ (၁)လုံး၊ ယင်းရွာ နှစ်ရွာမှ ဆိုင်ကယ် ၇စီး မီးလောင်ပျက်စီးခဲ့ပြီး ကျွဲတစ်ကောင်သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား
ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား

အဆိုပါ စစ်ကောင်စီတပ်များသည် ရေပုတ်၊စင်းစယ် ရွာများမှပြန်ထွက်သွားပြီးနောက် ညောင်လယ်ရွာတွင်လည်း မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်(၃)အိမ် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား
ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား

အဆိုပါ ကျေးရွာများသို့ ဇွန်လ ၃ရက်နံနက်တွင် ထီးလင်း PDF ရဲဘော်များ သွားရောက်ပြီး စစ်ဘေးရှောင်စခန်းပြင်ဆင်ပေးနိုင်ရန်ဆောင်ရွက်ခြင်း၊ ဝေဟင်အန္တရာယ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုအန္တရာယ်မှ အကာအကွယ်ယူရှောင်တိမ်းနိုင်စေရန် အသိပညာပေးခြင်းများ လုပ်ဆောင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာ လမ်းတစ် လျှောက်မှ ကျေးရွာများ အနေဖြင့် စစ်ကောင်စီတပ် သတင်းများကို နားစွန့်၍ သတိပြုရှောင်ရှားကြရန်လည်း ထီးလင်း PDFက အသိပေးထားသည်။

ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား
ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား

အဆိုပါ ကျော (ကပစ)မှထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထီးလင်း PDFနှင့် ယော PDFတို့က ယမန်​နေ့တွင် ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။