Connect with us

Hi, what are you looking for?

သတင်း

သရက်​ချောင်းမြို့နယ်တွင်တိုက်ပွဲနှစ်ကြိမ်ဖြစ်

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်များဘက်က ​သေဆုံးထိခိုက်မှုရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

သရက်​ချောင်းမြို့နယ်တွင်တိုက်ပွဲ
သရက်​ချောင်းမြို့နယ်တွင်တိုက်ပွဲ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ယမန်နေ့ (ဇွန်၃ ရက်)ည​နေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံများပြောသည်။

သဲချောင်းကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ဇွန် ၃ ရက်နေ့လယ် ၁၂နာရီခွဲခန့်မှစ၍ည​နေ ၄ နာရီ ဝန်းကျင်အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျွဲခြံရွာနှင့် ဝင်းကဖော်ရွာ များကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက​ပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်များဘက်က ​သေဆုံးထိခိုက်မှုရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“၄နာရီလောက်အထိ တိုက်ပွဲဖြစ်သွားတယ်။ နောက်ပိုင်းတော့ ငြိမ်သွားပြီး သရက်ချောင်းရဲစခန်းကို ဝင်တိုက်မှာကြောက်လို့ အင်အားတွေဖြည့်နေတယ်ပြောကြတယ်”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စုံစင်ဖျားရွာနှင့် သရက်ချောင်းမြို့နယ် ရဲစခန်းများကို အင်အားဖြည့်တင်းနေသည်ဟုလည်း မျက်မြင်သက်သေများကပြောသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် သဲချောင်းကြီး၊ ကျွဲခြံ၊ ဝင်းကဖော် အပါအဝင် အနီးအနားရှိကျေးရွာများမှ ရွာသားများဟာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

ထိုအပြင် ဇွန် ၃ ရက်မနက်ပိုင်းကသရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပါသည့်ကားကို ဒေသခံကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန် မိနစ် ၂၀ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက​ပြောသည်။သို့​သော် တိုက်ပွဲတွင် နှစ်ဖက်ထိ့ခိုက်​ကျဆုံးမှု အ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။