Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာ ၁၄ရွာထက်မနည်း မီးရှို့ခံခဲ့ရပြီး နေအိမ် ၁,၀၀၀ကျော် ပျက်စီး

မင်းကင်းမြို့နယ်တွင် မီးရှို့ခံရသည့် ကျေးရွာများအနက် နှင်းကြီးရွမှာ အိမ် ၁၁၄လုံး၊လက်ချိတ်ရွာ မှ အိမ် ၆၀ ၊ဖတ်ခတ်ကျေးရွာမှ ၄ အိမ်၊ သံပေါက်ကျေးရွမှာ ၁၃၅ အိမ်၊ဇင်ကလဲရွမှာ ၁၉၈ အိမ် ၊သင်တောကျေးရွမှာ ၈ အိမ်၊ဘင်ကျွန်း(တဲတန်း)မှ ၂၂ လုံး၊ဘင်ရွမှာ ၁၁၄ လုံး ၊အုပ်နှဲဘုတ်ရွာမှ ၄ လုံး နှင့် အနောက်တောရွာမှ ၃ လုံး တို့ ဖြစ်သည်။

(ကနီမြို့နယ် ကင်းရွာအုပ်စု၌ မေလ၂၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် မြင်တွေ့ရစဥ်)
(ကနီမြို့နယ် ကင်းရွာအုပ်စု၌ မေလ၂၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် မြင်တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မင်းကင်းနှင့် ကနီမြို့နယ်တို့၌ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာ ၁၄ရွာထက်မနည်းမီးရှို့ခံခဲ့ရပြီး နေအိမ် ၁,၀၀၀ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း နဂါးညီနောင်အထူးတပ်ဖွဲ့(DBTF) က ထုတ်ပြန်သည်။

မေလအတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ပြီး အင်အားအဆမတန် တိုးလာသည့် စစ် ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို ပိုက်စိပ်တိုက်မီးရှို့ခဲ့မှုအနက် မင်းကင်း
နှင့် ကနီမြို့နယ်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ပြည်သူ ၃,၀၀၀ ထက်မနည်းရှိလာကြောင်း DBTF က ဆိုသည်။

(ကနီမြို့နယ် ကင်းရွာအုပ်စု၌ မေလ၂၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် မြင်တွေ့ရစဥ်)
(ကနီမြို့နယ် ကင်းရွာအုပ်စု၌ မေလ၂၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် မြင်တွေ့ရစဥ်)

မင်းကင်းမြို့နယ်တွင် မီးရှို့ခံရသည့် ကျေးရွာများအနက် နှင်းကြီးရွမှာ အိမ် ၁၁၄လုံး၊လက်ချိတ်ရွာ မှ အိမ် ၆၀ ၊ဖတ်ခတ်ကျေးရွာမှ ၄ အိမ်၊ သံပေါက်ကျေးရွမှာ ၁၃၅ အိမ်၊ဇင်ကလဲရွမှာ ၁၉၈ အိမ် ၊သင်တောကျေးရွမှာ ၈ အိမ်၊ဘင်ကျွန်း(တဲတန်း)မှ ၂၂ လုံး၊ဘင်ရွမှာ ၁၁၄ လုံး ၊အုပ်နှဲဘုတ်ရွာမှ ၄ လုံး နှင့် အနောက်တောရွာမှ ၃ လုံး တို့ ဖြစ်သည်။

(ကနီမြို့နယ် ကင်းရွာအုပ်စု၌ မေလ၂၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် မြင်တွေ့ရစဥ်)
(ကနီမြို့နယ် ကင်းရွာအုပ်စု၌ မေလ၂၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် မြင်တွေ့ရစဥ်)

ထို့အတူ ကနီမြို့နယ် ၊အထက်ကင်းကျေးရွာရှိ နေအိမ် ၁၃၀ ၊ အောက်ကင်းကျေးရွာ အိမ်ခြေ ၂၁၀၊ ကဲဒေါင်ကျေးရွာမှ ၁၉၄ လုံး၊ချမ်းသာစုကျေးရွာမှ ၄ လုံး တို့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

“အခု ဒီမီးရှို့ခံခဲ့ရတဲ့ ပြည်သူတွေရဲ့နေအိမ်တွေဟာ ပြီးခဲ့တဲ့ မေလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာမှု သမိုင်းဖြစ်တယ်”ဟု DBTF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

(ကနီမြို့နယ် ကင်းရွာအုပ်စု၌ မေလ၂၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် မြင်တွေ့ရစဥ်)
(ကနီမြို့နယ် ကင်းရွာအုပ်စု၌ မေလ၂၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် မြင်တွေ့ရစဥ်)

လက်ရှိတွင် ရွာစဥ် မီးပတ်ရှို့နေသည့် စစ်ကောင်စီတပ်သည် ကနီ မုဌောကျေးရွာ၌ အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားကြောင်း DBTF က အသိပေးသည်။

မေလဆန်းပိုင်းကစ၍ အကြမ်းဖက်စစ်တပ်က စစ်ကိုင်းရှိ မုံရွာ၊ကနီ၊ယင်းမာပင်၊ဆားလင်းကြီး၊ပုလဲ၊ခင်ဦး၊ရေဦး၊ကန့်ဘလူ၊ကျွန်းလှ နှင့် ကောလင်းတို့တွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပြီး အပြစ်မဲ့ပြည်သူများအားသတ်ဖြတ်ခြင်း ၊နေအိမ်များမီးရှို့ခြင်း အပါအဝင် စစ်ရာဇ ဝတ်မှုများစွာကျူးလွန်နေကြောင်း ဒေသခံလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။