Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ရှိ စာသင်ကျောင်းအချို့တွင် စစ်ကောင်စီက ဖောက်ခွဲမှုပြုလုပ်မည်ဟု သတင်းရရှိထား၍ ပြည်သူများဂရုစိုက်ကြရန် သတိပေး

“စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။”ဟု GNC မှတာဝန်ရှိသူကပြောသည်။

(ဇွန် ၃ရက်က ရန်ကုန်ပညာရေတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း ကျောင်းဆင်းချိန်၌ မိဘများစောင့်ဆိုင်းနေစဉ်)
(ဇွန် ၃ရက်က ရန်ကုန်ပညာရေတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း ကျောင်းဆင်းချိန်၌ မိဘများစောင့်ဆိုင်းနေစဉ်)

ရန်ကုန်မြို့ရှိ စာသင်ကျောင်းအချို့တွင် အကြမ်းဖက်စစ်ကောင်စီက ဖောက်ခွဲမှုပြုလုပ်မည်ဟု သတင်းအတိအကျရရှိထားသောကြောင့် ပြည်သူများအနေဖြင့် ဂရုစိုက် သတိထားကြရန် Ground News Coverage (GNC)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရန်ကုန်မြို့ရဲ့ အစိုးရကျောင်းတစ်ချို့မှာ PDF၊ UG တွေဖောက်ခွဲသလို ပုံစံမျိုး စခ၊ ရခနဲ့ သွေးသောက်အဖွဲ့တို့က ဖောက်ခွဲမှုတချို့ ပြုလုပ်မယ်လို့ သတင်းတစ်ချို့ အတိအကျရထားပါတယ်။ ဘယ်ကျောင်းလဲ ဘယ်ချိန်လဲဆိုတာတော့ ကျွန်တော်တို့ သေချာစွာသိရှိဖို့ ကြိုးစားနေပါတယ်။ကနဦးသိရတာက ကျောင်းတစ်ချို့မှာ ဖောက်ခွဲပြပြီး သူတို့လူတချို့ကိုထည့်ကာ အဖမ်းပြ လူရှေ့ရိုက်၍ PDF ပုံစံလိုလိုမျိုး ပြုလုပ်မယ်လို့ သိရှိရပါသည်။”ဟု GNC ၏ ဖေ့စ်ဘွတ်ခ်၌ ဇွန် ၃ ရက် ညက သတိပေးထားသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ဗုံးလန့်ခြင်းကဲ့သို့ ပြည်သူများကြောက်စိတ်ဝင်အောင် ပြုလုပ်မည့်ကိစ္စများလည်းရှိလာ‌နိုင်ကြောင်း GNCက ဆိုသည်။

“စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။”ဟု GNC မှတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့၏ သတင်းအချက်အလက်အပေါ် အပြည့်အဝတာဝန်ယူပြီး တိကျသည့်သတင်းအချက်အလက်များရရှိနိုင်ရန် ဆက်လက်စုံစမ်း၍ ‌အသိပေးမည်ဟု GNC မှတာဝန်ရှိသူကပြောသည်။

မေလ ၃၁ ရက်က ရန်ကုန်မြို့လယ် လူစည်ကားရာနေရာဖြစ်သည့် အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်။

ယင်းပေါက်ကွဲမှုကို ရန်ကုန်မြို့ရှိ မြို့ပြပျောက်ကြားအဖွဲ့များက ပြည်သူကို ထိခိုက်မည့်နေရာများတွင် ၎င်းတို့၏ မစ်ရှင်များကိုမပြုလုပ်ကြောင်းပြောကြားထားပြီး စစ်ကောင်စီဘက်က ယင်းပေါက်ကွဲမှုကို PDF သင်တန်းဆင်းလာသူက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲ၌ စွပ်စွဲပြောကြားထားသည်။

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ပြည်သူများကလည်း စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များဖြစ်သည့် ပျူစောထီး ၊ သွေးသောက်အဖွဲ့များက လုပ်ဆောင်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။